အဖြူရောင်ဆားတွေနဲ့ စိမ်းပြာရောင်ရေတို့ ဝန်းရံထားတဲ့ ကျွန်အလယ်မှာ ရအောင်ရှင်သန်ကြီးထွားနေခဲ့တဲ့ အထီးကျန်လွန်းတဲ့သစ်ပင်

အဖြူရောင်ဆားတွေနဲ့ စိမ်းပြာရောင်ရေတို့ ဝန်းရံထားတဲ့ ကျွန်အလယ်မှာ ရအောင်ရှင်သန်ကြီးထွားနေခဲ့တဲ့ အထီးကျန်လွန်းတဲ့သစ်ပင်

သမုဒ္ဒရာထက် ဆယ်ဆကျော် ဆားပါဝင်တဲ့ Dead Sea ဟာ ဘယ်အပင်၊ ဘယ်သတ္တဝါမျိုးမှ မရှင်သန်နိုင်ပေမဲ့ ထိုဆားကျွန်းအလယ်မှာ အံ့သြစရာကောင်းတဲ့ သစ်ပင်တစ်ပင် ကြီးထွားလာခဲ့ပါတယ် ။ ထိုသစ်ပင်ကို “Tree of life” လို့ အမည်ပေးထားပါတယ် ။

Arad အနီးရှိ အစ္စရေးအပန်းဖြေ Ein Bokek ကမ်းခြေနဲ့ အနည်းငယ်ကွာဝေးတဲ့ ဖြူဖျော့သော အဖြူရောင်ဆားဖြင့်ပြုလုပ်ထားတဲ့ အံ့မခန်းသဘာဝဖွဲ့စည်းမှုနဲ့ စိမ်းပြာရောင်ရေတို့ ဝန်းရံထားတဲ့ ကျွန်းအလယ်ရေတိမ်ပိုင်းမှာ ၎င်းသစ်ပင်က တည်ရှိခဲ့ပါတယ် ။သစ်ပင်ကိုအနီးကပ်စစ်ဆေးခြင်းက ၎င်းဟာ မူရင်းသစ်ပင်ကို ထိုဆားကျွန်းပေါ်မှာ တပ်ဆင်ခြင်းအနုပညာနဲ့ ဒေသခံအနုပညာရှင်တစ်ဦးက ပြုလုပ်ထားတာပါ ။

 

သူက သစ်ပင်ကို နေ့တိုင်းလည်ပတ်နေပြီး သစ်ပင်ကို အလွန်ဆိုးရွားလှတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ရန် လိုအပ်တဲ့ အာဟာရအားလုံးကို ရရှိဖို့ ရွှံ့ကို သစ်ပင်ရဲ့ ခြေရင်းနားပတ်လည်မှာ ထားပုံရပါတယ် ။ “Tree of life” ဟာ Dead Sea ရဲ့ အံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပြီး Instagram နဲ့ အခြားခရီးသွားတဲ့လူများကို အာရုံစိုက်စေခဲ့ပါတယ် ။

အခြားသစ်ပင်တို့ တိရိစ္ဆာန်တို့ မရှင်သန်နိုင်တဲ့ကျွန်းတစ်ခုမှာ သက်ရှိအရာတစ်ခု ရှင်သန်နေတာကို မြင်ရခြင်းက အတော်လေး စိတ်ကူးယဉ်ဆန်မိပါတယ် ။ ထိုအပင် တည်ရှိခြင်းက Instagrammable ဓါတ်ပုံများအတွက် ကောင်းမွန်တဲ့ အထောက်အကူဖြစ်စေပါတယ် ။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*