
ကျွန်တော်တို့ဟာ စိတ်လိုက်မာန်ပါဖြစ်တဲ့အခါ တစ်ခါတစ်ရံ ပြင်းထန်ပြီးအရိုင်းဆန်တဲ့အပြုအမူတွေပြုလုပ်တတ်ကြပါတယ်။တရုတ်နိုင်ငံက Li Tanအမည်ရှိတဲ့ဒီအမျိုးသမီးလိုပေါ့။Liဟာ သူမချစ်သူကောင်လေး De Wuက ကတိပေးထားတဲ့အချိန်ထက်နောက်ကျမှအိမ်ပြန်ရောက်ခဲ့ပြီးနောက် သူမအပေါ်လိမ်လည်နေကြောင်းကို သံသယဝင်သွားခဲ့ပြီး သူမအပေါ် ချစ်သူကောင်လေးရဲ့သစ္စာမဲ့ဖောက်ပြန်မှုအတွက်
ပုံမှန်မဟုတ်တဲ့အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာ အနီးအနားက စတိုးဆိုင်သို့သွားပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းအား ကားတစ်စီးကိုဖုံးပစ်ဖို့လုံလောက်တဲ့အထိများစွာဝယ်ယူခဲ့ပြီး သံသယစိတ်နဲ့ Wuရဲ့ကားတစ်စီးလုံးကို အဆိုပါလစဉ်သုံးပစ္စည်းတွေအပြည့်ကပ်နေခဲ့ပါတယ်။Liဟာ လူရှုပ်နေတဲ့လမ်းဘေးက Wu ဌားရမ်းထားတဲ့အဆိုပါ Toyotaကားပေါ်ကို အမျိုးသမီးလစဉ်သုံးပစ္စည်းအထုပ်၃၀ကျော်အကုန်ခံကပ်ခဲ့ပါတယ်။
လမ်းဘေးကလူတွေက ဘာမှဝင်မပြောနိုင်ပေမဲ့ ကားပတ်ပတ်လည်ကိုကြည့်ရင်း နေရာအနှံ့လစဉ်သုံးပစ္စည်းတွေလိုက်ကပ်နေတဲ့ Liကို တအံ့တဩနဲ့သာ ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီနောက် သူမဟာ ဓာတ်ပုံရိုက်ပြီး onlineမှာ သူမရဲ့လုပ်ရပ်ကို သူမကိုယ်တိုင်”ဟုတ်တယ် အဲ့ဒါငါလုပ်ခဲ့တာဘဲ”လို့ဆိုကာ ဓာတ်ပုံတင်ခဲ့ပါသေးတယ်။အဆိုပါသူ့ပိုစ့်ဟာ “အဲလို ပညာပြသင်တယ်”၊”နင့်သုံးပြီးသားဟာတွေနဲ့ ကပ်ရမှာ”လို့မှတ်ချက်ပေးကြတဲ့အင်တာနက်သုံးစွဲသူတွေရဲ့ထောက်ခံပေးမှုတွေကိုပါ ရရှိခဲ့ပါတယ်။နောက်ဆုံးတော့ သူဌားရမ်းထားတဲ့ကားက လစဉ်သုံးပစ္စည်းတွေနဲ့ပြည့်နေရတဲ့အကြောင်းကို သိရဖို့ Wuဟာ အိမ်ပြန်လာခဲ့ပြီး သံသယစိတ်နဲ့စိတ်လိုက်မာန်ပါလုပ်ခဲ့တဲ့Liကို အကျိုးအကြောင်းသေချာရှင်းပြခဲ့ရပါတော့တယ်။
Liဟာ အဖြစ်မှန်ကို သိလိုက်တော့ တုန်လှုပ်သွားခဲ့ရပြီး တကယ်တော့ Wuဟာ သူမအတွက် စပရိုက်မွေးနေ့ပါတီလုပ်ပေးဖို့ စီစဉ်နေခဲ့တာကြောင့် အိမ်ပြန်နောက်ကျသွားခဲ့တာပါ။Wuဟာ ကြိုတင်စာရင်းသွင်းရတဲ့နာမည်ကြီးစားသောက်ဆိုင်တစ်မှရရှိတဲ့ဘေဖြတ်ပိုင်းနဲ့အတူ သူ့ရဲ့မကောင်းသတင်းကို ပြန်လည်ဖုံးဖိခဲ့ရပါတယ်။အဆုံးတော့ အဆိုပါစုံတွဲဟာ အဆင်ပြေသွားခဲ့ပြီး Wuက”ဒီကားကိုတော့ ဘယ်သူမှ ထပ်ဌားချင်ကြမှာမဟုတ်ဘူး”လို့နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ဒါကြောင့် ကိစ္စတစ်ခုကို စိတ်လိုက်မာန်ပါမလုပ်သင့်သလို ခေါင်းအေးအေးထားပြီးမှဘဲ ဖြေရှင်းသင့်ပါတယ်။
Leave a Reply