အဖေဖြစ်သူကို ဇာတ်ကားထဲ photoshopလုပ်ထည့်ပြီး သူ့အချစ်ကို ပြခဲ့တဲ့ သား

အဖေဖြစ်သူကို ဇာတ်ကားထဲ photoshopလုပ်ထည့်ပြီး သူ့အချစ်ကို ပြခဲ့တဲ့ သား

သင်ဟာ သင့်ရဲ့မိဘတွေကို ဘယ်လောက်ချစ်ကြောင်းပြချင်ရင် ပြလို့ရတဲ့နည်းလမ်းတွေက အများကြီးရှိပါတယ်။ တစ်ချို့နည်းတွေက သူတို့ကို လက်ဆောင်ပေးတာတွေ၊ သူတို့ကို ‘ကမ္ဘာပေါ်မှာ အကောင်းဆုံးကမိဘတွေဖြစ်တယ်’ ပြောပေးတာတွေ၊ ပြီးတော့ သူတို့နဲ့အတူဓာတ်ပုံရိုက်ကူးပေးတာတွေ အစရှိသဖြင့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

ယခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အရာလေးကတော့ Matt Bonito လို့ခေါ်တဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့အဖေဖြစ်သူ Dom Bonito ကို ဘယ်လောက်ချစ်ကြောင်းပြဖို့ ထူးထူးဆန်းဆန်း နည်းလမ်းနဲ့ ဖော်ပြခဲ့ပါတယ်။ Matt ဟာ သူ့အဖေကို ဇာတ်ကားတွေထဲ၊ သီးချင်းတွေထဲ၊ သမိုင်းဝင်တဲ့ဖြစ်ရပ်ထဲတွေကို Photoshop လုပ်ပြီး ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Matt ဖန်တီးလိုက်တဲ့ ပုံတွေက အရမ်းရယ်စရာကောင်းသလို အံ့ဩဖို့လည်းကောင်းပါတယ်။ Mattရဲ့ လက်ချက်ကြောင့် အဖေဖြစ်သူ Dom ကတော့ တစ်ရက်ထဲမှာဘဲ မင်းသားဖြစ်လိုက်၊ မင်းသမီးဖြစ်လိုက်၊ အဆိုတော်ဖြစ်လိုက်နဲ့ ဘဝတစ်မျိုးပြီး တစ်မျိုးကျင်လည်နေရပါတယ်။ Dom ကလည်း သားဖြစ်သူပြုလုပ်ပေးတဲ့ ပုံတွေကို သဘောကျကြိုက်နှစ်သက်ခဲ့ပါတယ်။

ဒါကတော့ Matt ဟာ သူ့ရဲ့ ဖခင်အပေါ်ချစ်တဲ့ အချစ်ကို ဖော်ပြခဲ့တဲ့ ထူးထူးဆန်းဆန်း နည်းဗျူဟာလေးဘဲဖြစ်ပါတယ်။ ကျွန်တော် ကတော့ Matt ရဲ့ နည်းလမ်းလေးကို သဘောတွေ့နေပါပြီ၊ တစ်နေ့နေ့တော့ ကျွန်တော်လည်း Matt လိုဘဲ မိဘတွေကို ကျွန်တော်ဘယ်လောက်ချစ်ကြောင်း ပြနိုင်ဖို့ကြိုးစားမယ်။ စာဖတ်ပရိတ်သက်တွေလည်း ကျွန်တော်နဲ့ ထပ်တူကျလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

#5

#6

#7

#8

#9

#10

#11

#12

#13

#14

#15

#16

Be the first to comment

Leave a Reply

Your email address will not be published.


*