
ဒီတစ်ခေါက်မှာ ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ တစ်ကယ့်ကို ထူးထူးဆန်းဆန်းအကြောင်းအရာလေးတစ်ခုလို့တောင် ပြောလို့ရပါတယ်။
ကျွန်တော်တို့တွေဟာ မိမိအသက်ရှင်နေတဲ့ သက်တမ်းတစ်လျှောက် အတတ်နိုင်ဆုံး အမှုခင်းကင်းအောင် ၊ ရာဇဝတ်ဒဏ်မသင့်အောင် အကောင်းမွန်ဆုံးနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်သာလနိုင်ငံမှာ ရှိတဲ့ အသက် ၉၉ နှစ်အရွယ် အဘွားအိုကတော့ သူများနဲ့ ပြောင်းပြန် အဖမ်းခံဖူးချင်တဲ့ ဆန္ဒရှိနေသူပဲ ဖြစ်ပါတယ်။
သူမဟာ မသေခင်ပြုလုပ်ချင်တဲ့ စာရင်းတွေ ပြုလုပ်ထားသော Bucket list ဆိုတဲ့စာရွက်ကလေးထဲမှာ အဖမ်းခံပြီး အချုပ်ခန်းထဲမှာ နေဖူးကြည့်ချင်တယ်လို့ ရေးထားတာကို နယ်သာလန်ရဲတွေက တွေ့ရှိသွားပါတယ်။ ဒါ့ကြောင့် အဘွားအိုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ရဲတွေဟာ သူမကို လက်ထိပ်ခတ်ပြီး အချုပ်ခန်းထဲ ယာယီ ထည့်ထားပေးခဲ့ပါတယ်။
သူမရဲ့ ဆန္ဒပြည့်မြောက်သွားလို့ အဘွားအိုရဲ့ အတိုင်းမသိ ပျော်လွန်နေတဲ့ ပုံစံကို ပုံလေးထဲမှာ မြင်ရမှာ ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိသတ်ကြီးအတွက် ဗဟုသုတ ဖြစ်ဖွယ် ဖော်ပြပေးချင်တာကတော့ Bucket List ဆိုတာ မိမိမသေခင် လုပ်ဖူးချင်တဲ့ အရာလေးတွေကို စိတ်ကူးရတဲ့ ချရေးထားပြီး ကိုယ့်ဘဝနေမဝင်ခင်မှာ တတ်နိုင်သလောက် အကောင်အထည်ဖော်ကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံခြားမှာတော့ အသက်ကြီးတဲ့သူ အများစုမှာ ဒီလိုမျိုး Bucket Listစာရွက်လေးတွေ လုပ်ထားကြပြီး မိမိလုပ်ဖူးချင်တာလေးတွေကို လုပ်နေကြတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပရိသတ်ကြီးအနေနဲ့လည်း တခါတလေ ကိုယ်လုပ်ချင်တဲ့ အရာလေးတွေရှိရင် အချိန်ဆဆွဲမနေပဲ ပျော်ရွှင်စွာအကောင်အထည်ဖော်လိုက်ပါနော်…
Leave a Reply