အပြုံးမပျက် အလုပ်ကြိုးစားလွန်းတဲ့ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးကို စုပေါင်းပြီး ရွှေဟန်းချိန်ဝယ်ပေးခဲ့ကြတဲ့ဝန်ထမ်းများ

အပြုံးမပျက် အလုပ်ကြိုးစားလွန်းတဲ့ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးကို စုပေါင်းပြီး ရွှေဟန်းချိန်ဝယ်ပေးခဲ့ကြတဲ့ဝန်ထမ်းများ

အိမ်အပြင်ထွက်ပြီး ဝန်ထမ်းတစ်ယောက်အနေနဲ့အလုပ် လုပ်ဖူးကြမယ်ဆိုရင် ရုံးကသန့်ရှင်းရေးဝန်ထမ်းတွေရဲ့ အပြုံးမပျက်ဖော်ရွှေပြီး အလုပ်ကြိုးစားလွန်းတဲ့သူတို့လေးတွေကို ရင်းနှီးပြီးသားဖြစ်မှာပါ ။

ဒီတစ်ခေါက်မှာလည်း Izwan Sajjer အမည်နဲ့ Twitter အသုံးပြုသူတစ်ဦးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရုံးကသန့်ရှင်းရေးဝန်ထမ်းအဒေါ်အတွက် စုပေါင်းပြီး ရွှေဟန်းချိန်းဝယ်ပေးခဲ့ကြပါတယ် ။ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးဟာ နယ်ကနေလာပြီး စာချုပ်သက်တမ်းနဲ့ အလုပ်ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်

နှစ်ပေါင်းများစွာ ကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ပြီး အရမ်းဖော်ရွှေသူပါ ၊ သူမရဲ့ တာဝန်ကျေပွန်မှုအတွက် ဆုချတဲ့အနေနဲ့ ကျွန်တော်တို့အခုလို အတူစုပေါင်းပြီး ရွှေဟန်းချိန်ဝယ်ပေးခဲ့ကြတာပါ ဆိုပြီး ရေးသားထားပါတယ် ။ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးကတော့ သူမ မထက်မှတ်ထားတဲ့ Surprise လက်ဆောင်အတွက် ဝမ်းသာမျက်ရည်ကျသွားခဲ့ရပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*