အပြင်ထွက်ရာတွင် maskတပ်ခြင်းမရှိသည့် လူကြီးသူမများကို maskတပ်ရန်အတွက် တုတ်ကိုင်ပြီး ဆူပူကြိမ်းမောင်းနေသည့် ကလေးငယ်

အပြင်ထွက်ရာတွင် maskတပ်ခြင်းမရှိသည့် လူကြီးသူမများကို maskတပ်ရန်အတွက် တုတ်ကိုင်ပြီး ဆူပူကြိမ်းမောင်းနေသည့် ကလေးငယ်

ကျွန်ုပ်တို့ကမ္ဘာကြီးရာ ပြင်းထန်လှသော ကပ်ဆိုးရောဂါကြီးကို တစ်ခါတည်းအတူတူခံစားနေခဲ့ကြရတာဖြစ်ပါတယ်။ကူးစက်မြန်လှသော ကပ်ဆိုးရောဂါကြီးဟာ လူသားအားလုံးတို့ကို ကြောက်လန့်တုန်လှုပ်မှုဖြစ်စေခဲ့ရပါတယ်။ထို့ကြောင့် နိုင်ငံများကပင် စည်းကပ်များကို ထုတ်ပြန်ပြီး ကူးစက်မှုကိုထိန်းချုပ်ရန် ကြိုးစားလာကြပေသည်။

ထို့ကြောင့် လူသားတို့ဟာ maskတစ်ခုကိုတော့ မဖြစ်မနေတပ်ပြီးမှ အပြင်သွားရမည်ဟုဆိုသော်လည်း လူတိုင်းဟာ လိုက်နာခြင်းမရှိကြပေ။ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံ Dharamshalaမြို့ရှိ လူစည်ကားရာ နေရာတစ်ခုတွင် ပြုလုပ်နေသော ကလေးငယ်တစ်ဦး၏ အမူအရာများဟာ လိုင်းပေါ်တွင်ပျံနှံလာခဲ့ပါတယ်။

ကလေးငယ်ဟာ maskတပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်နေသည့် လူကြီးများအားလုံးကို အဝါရောင် တုတ်တစ်ချောင်းကိုင်ပြီး လိုက်လံဆူပူနေခဲ့တာဖြစ်ပါတယ်။ကလေးရဲ့ ဖိုက်တာလို ကြမ်းပြတဲ့အကွက်ကတော့ အလွန်လေးစားရမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*