အပျင်းထူလွန်းတဲ့ ချစ်သူကောင်လေးရဲ့ နေအိမ်သို. အလည်တစ်ခေါက်နဲ့ နောက်ဆက်တွဲ

လူတွေအတော်များများကတော့ ပုံမှန်နေ့စဉ်သန့်ရှင်းရေးမျိုး ပြုလုပ်ကြမှာပါ ။ အထူးသဖြင့် ကိုယ်အမြဲအသုံးပြုနေကြ သန့်စင်ခန်းကို သန့်ရှင်းရေးလုပ်တာမျိုးပေါ့ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးရဲ့နေအိမ်ကတော့ အတော်လေးညစ်ပတ်စုတ်ပဲ့တယ်ပြောရမှာပါပဲ ။ သန့်စင်ခန်းကို လုံးဝသန့်ရှင်းထားတာမျိုးမရှိတဲ့အပြင် ၊ ကြမ်းပြင်မှာလည်း အနှစ်နှစ်အလလက သောက်သုံးထားတဲ့ စီးကရက်တွေနဲ့ ညစ်ပတ်ပေကျံနေတာပါပဲ ။

ဒါတင်မကသေးဘူး ဘေစင်တွေ ၊ ဧည့်ခန်းတွေဟာဆိုရင်လည်း တစ်ခါမှသန့်ရှင်းရေးမလုပ်ထားသလို အမှိုက်တွေနဲ့ပြည့်နှက်နေတာပါ ။ ကိုယ့်အတွက်တောင် ကိုယ်ဂရုမစိုက်ဘဲ ပျင်းရိနေတဲ့သူမျိုးကို ဘယ်သူက ယုံယုံကြည်ကြည်နဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်မှာလဲ ။ အဆိုပါနေအိမ်ကို ပြန်သန့်ရှင်းရေးပြုလုပ်ခဲ့ချိန်မှာတော့ လုံးဝတစ်ခြားနေအိမ်အသစ်လို ပြောင်းလဲသွားခဲ့ပါတယ် ။ ပုံမှန်သန့်ရှင်းရေးသာလုပ်မယ်ဆိုရင် အိမ်လေးက တစ်ကယ့်ကိုနေချင်စရာ အိမ်ကောင်းလေးတစ်လုံးပါပဲလေ ။

#3

#4

#5

#6

#7

#8

#9

#10

#11

Be the first to comment

Leave a Reply

Your email address will not be published.


*