အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် …!

ဆောင်းရာသီကဲ့သို့အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေအဖို့ခါတိုင်းထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့ ၂-ကြိမ်(သို့မဟုတ်) အနည်းဆုံး ၁-ကြိမ် နေ့စဉ်ရေချိုးပေးဖို့လို ပါ တယ်။ ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ဝမ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့လိုဝမ်းနူးစာတွေကို စားပေးသင့်ပါတယ်။

အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ထိုးခံရသလို
ပူစပ် ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့။ ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့အထင်မသေးလိုက်ပါနဲ့.ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ပါ။


သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့ ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့်ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့ ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့ သန့်ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၎င်း တို့မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၎င်းကိုဇွန်းနဲ့ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ရ ပါပြီ။ ပျားရည်နဲ့ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာ တဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*