အပိုဝန်စည်ခကို မပေးဆောင်ချင်လို့ 30kg ရှိတဲ့ လိမ္မော်သီးတွေကို မိနစ် 30 အတွင်း အကုန်စားခဲ့ကြတဲ့ ခရီးသည်လေးဦး

အပိုဝန်စည်ခကို မပေးဆောင်ချင်လို့ 30kg ရှိတဲ့ လိမ္မော်သီးတွေကို မိနစ် 30 အတွင်း အကုန်စားခဲ့ကြတဲ့ ခရီးသည်လေးဦး

Luggage fee များအတွက် လေဆိပ်တွေမှာ ပိုက်ဆံ အပိုဖြုန်းလိုက်ရခြင်းကို ဘယ်သူကမှ မနှစ်သက်ကြပါဘူး။ကျွန်တော်တို့ထဲမှအများစုက အဲ့လိုအဖြစ်တွေ ကြုံဖူးခဲ့ကြမှာပါ။ထို့ကြောင့် ၎င်းအဖြစ်လိုကြုံလာရတဲ့အချိန်တိုင်း လူတိုင်းနီးပါးက သူတို့ရဲ့ပစ္စည်းများကို လျော့ချခြင်း(သို့) မသက်သာတဲ့အဆုံး ခရီးဆောင်အိတ်ကြေးများ ပေးခြင်းဖြင့် ငွေကုန်ခဲ့ရပါတယ်။

သို့ပေမဲ့ တရုတ်လူမျိုးလေးယောက်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Kunming မြို့ရှိ လေဆိပ်တစ်ခုမှာ ယွမ် ၃၀၀ ကုန်ကျတဲ့ luggage fee ကို သူတို့အတွက် မတတ်နိုင်လို့ဆိုပြီး ၎င်းအစား ၃၀ ကီလိုဂရမ်ရှိတဲ့ လိမ္မော်သီးတွေကို မိနစ် ၃၀ အတွင်း အကုန်စားဖို့ကို ရွေးချယ်ခဲ့ကြပါတယ်။ဒီတော့ ပိုက်ဆံအပိုမကုန်အောင် သူတိူ့လေးယောက်က လိမ္မော်သီးတွေကို မိနစ် ၃၀အတွင်း အမြန်စားကြပါတော့တယ်။

Global Times သတင်းစာအဆိုအရ Wang နှင့်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ Kunming သို့ စီးပွားရေးခရီးစဉ်အတွင်း ယွမ် ၅၀ ကုန်ကျတဲ့ ၃၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ လိမ္မော်သီးတစ်ဖာကို ဝယ်ယူခဲ့ကြပါတယ်။သို့ပေမဲ့ လေယာဉ်ပေါ်တက်ရန်ပြင်ဆင်နေချိန်မှာ လေယာဉ်ဝန်ထမ်းက ၎င်းတို့အား တစ်ကီလိုဂရမ်လျှင် ၁၀ ယွမ်နှုန်းဖြင့် စုစုပေါင်း ကုန်ကျစရိတ် ယွမ် ၃၀၀ အထိပေးဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့ပေးရမဲ့ပိုက်ဆံက အရမ်းများနေလို့ Wang နှင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ လိမ္မော်သီးတစ်ဖာလုံးကို အကုန်စားပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။“ ငါတို့ အဲ့မှာရပ်ပြီး လိမ္မော်သီးတစ်ဖာလုံးကုန်သွားအောင် စားလိုက်ကြတယ် ၊ ငါတို့ မိနစ် ၂၀ ကနေ ၃၀ အထိ အချိန်ယူခဲ့ရတယ်” လို့ Wang က ဆိုခဲ့ပါတယ်။လိမ္မော်သီးတစ်ဖာလုံးကို စားလိုက်ပြီးနောက် သူတို့ဟာ ပါးစပ်မှာရှိတဲ့ အနာတွေကို ခံစားလာခဲ့ရပါတယ်။

သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်တဲ့အနေနဲ့ Wang က “ ငါတို့ ဘယ်တော့မှ လိမ္မော်သီးတွေကို သယ်မသွားတော့ဘူး” လို့ ဆိုခဲ့ပါသေးတယ်။သူတို့ရဲ့အဖြစ်ကို ကြည့်ပြီး အပိုငွေမဖြုန်းချင်ကြတဲ့ ခရီးသွားဖူးသူတိုင်းလည်း ထပ်တူခံစားမိကြမယ်လို့ ထင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*