အပိုဝင်ငွေရအောင် ကျောင်းသွားတဲ့လမ်းမှာ သရေစာတွေ ရောင်းနေခဲ့ရလို့ ပင်ပန်းနွမ်းလျနေခဲ့တဲ့ ကျောင်းသားလေး

အပိုဝင်ငွေရအောင် ကျောင်းသွားတဲ့လမ်းမှာ သရေစာတွေ ရောင်းနေခဲ့ရလို့ ပင်ပန်းနွမ်းလျနေခဲ့တဲ့ ကျောင်းသားလေး

ကျောင်းသားတွေအနေနဲ့ ကျောင်းစာ ၊ စာမေးပွဲ စတာတွေနဲ့ မအားလပ်နိုင်အောင် ကြိုးစားနေကြရပေမဲ့လည်း အပိုဝင်ငွေရအောင် ထပ်ပြီးကြိုးစားရဖို့က သူတို့လေးတွေအနေနဲ့ အတော်လေးကိုခက်ခဲပင်ပန်းကြရမှာပါ ။Angel Jane Lopez အမည်နဲ့ social media အသုံးပြုသူက လိုင်းကားစီးနေရင်း အရမ်းပင်ပန်းနွမ်းနယ်နေတဲ့ပုံစံနဲ့ လက်ထဲမှာ မုန့်ထုပ်ငယ်လေးတွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသားလေးရဲ့အဖြစ်ကို တွေ့မြင်ပြီး အတော်လေးကို သနားသွားခဲ့ပါတယ် ။

ကောင်လေးရဲ့ဓာတ်ပုံတွေကိုလည်း social media ပေါ်ဝေမျှခဲ့ပါတယ် ။ ကောင်လေးရဲ့ အဝတ်စားတွေက လုံးဝမီးပူမထိုးထားနိုင်လောက်အောင်ကို နွမ်းနေခဲ့ပါတယ် ။ လူအတော်အများကတော့ အခုချိန်မှာ ခက်ခဲရုန်းကန်နေရပေမဲ့လည်း လက်မလျော့ဘူးဆိုရင် နောင်တစ်ချိန်မှာ ပညာတတ်လူတော်လူကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်ကြောင်း မျိုးစုံဆုတောင်းပေးကြကာ မှတ်ချက်ပေါင်းစုံ ရေးသားပေးခဲ့ကြပါတယ် ။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*