အပင်သုခဘုံလို့ တင်စားကြတဲ့တိုက်ခန်းအဆောက်အအုံရဲ့ လူသိနည်းသေးတဲ့အချက်တစ်ခု

တစ်ကယ်တော့ စည်ကားတဲ့မြို့တစ်မြို့ရဲ့အလယ်မှာ စိန်းလန်းစိုပြေတဲ့တိုက်အဆောက်အဦးတစ်လုံးကိုမြင်တွေ့ရခြင်းဟာ လူတွေရဲ့စိတ်ကို အေးချမ်းနေပါတယ်။အဆိုပါအဆောက်အဦးတွေဟာ ဖွံ့ဖြိုးတိုးတက်တဲ့ပတ်ဝန်းကျင်ရဲ့တန်ဖိုးကို မြင့်တင်ပေးရုံသာမက တရုတ်နိုင်ငံ Chengduမြို့ရဲ့သုခဘုံတစ်ခုအဖြစ် ပါဝင်နေစေခဲ့ပါတယ်။

ဒါပေမဲ့ The Straits Times သတင်းအရ ဂေဟစနစ်သုခဘုံလို့ယူဆကြတဲ့အဆိုပါအဆောက်အဦးတွေဟာ အချိန်ကြာမြင့်စွာ လျစ်လျူခံထားရတာကြောင့် ခြင်တွေရဲ့ကျက်စားရာနေရာဖြစ်လာခဲ့ပါတယ်။ Qiyi City Forestလို့ခေါ်တဲ့အဆိုပါတိုက်ဟာ အခန်းပေါင်း ၈၂၀ခန့်ပါရှိပြီး ဧပြီလကတည်းက စတင်ရောင်းချခဲ့ပေမဲ့ မိသားစု ၁၀စုလောက်သာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး အခန်းတိုင်းရဲ့လသာဆောင်မှာထားရှိတဲ့အပင်တွေကို ပြုပြင်ထိန်းသိမ်းခြင်းမလုပ်နိုင်တာကြောင့်ပါ။

 

အဲ့လို ပေါ့ဆမှုတွေကြောင့် အပင်တွေက စိမ်းလန်းစိုပြေပြီးအလျင်အမြန်ကြီးထွားလာတာကြောင့် အဆိုပါတိုက်ကို ဖုံးလွှမ်းသွားမလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့လိုဖြစ်သွားတာက မကောင်းတဲ့အစိတ်အပိုင်းမဟုတ်ပေမဲ့လည်း ခြင်တွေကို ဆွဲဆောင်စေတဲ့အချက်ကြောင့် သူ့ရဲ့မူလတန်ဖိုးထက် ဈေးနည်းလာစေခဲ့ပါတယ်။

အဆိုပါတိုက်အား၂၀၁၈ခုနှစ်တုန်းက သဘာဝကိုချစ်မြတ်နိုးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာပါ။များပြားတဲ့ပန်းပင်တွေနဲ့စိမ်းလန်းစိုပြေစေခဲ့ပေမဲ့လည်း အဆုံးသတ်ကိုတော့ ခြင်နဲ့အခြားပိုးမွှားတွေအတွက် ကျက်စားရာနေရာအဖြစ်ပြောင်းလဲသွားခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ကြပုံပါဘဲ။

ဒါပေမဲ့လည်း အဆိုတိုက်မှာနေထိုင်တဲ့လူတွေနဲ့ သက်ဆိုင်သူတွေက အတူတကွစုရုံးပြီး အစဉ်မပြတ်ကြီးထွားလာနေတဲ့အပင်တွေကို အတတ်နိုင်ဆုံးကူညီရှင်းလင်းနိုင်ဖို့ လုပ်ဆောင်ချက်အချို့တွေ ပြုလုပ်နေကြပါတယ်။

မြို့လယ်ခေါင်ရဲ့သုခဘုံလို့တင်စားကြတဲ့အဆိုပါတိုက်ကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ပြီး လှပသာယာတဲ့နေရာအဖြစ် ပြန်လည်ပြောင်းလဲနိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။စာဖတ်သူတို့ကော အပင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့တိုက်ခန်းမှာ စိတ်အေးလက်အေးနေထိုင်ချင်ပါသလား။

Be the first to comment

Leave a Reply

Your email address will not be published.


*