အနှစ် ၃၀ ကြာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူစိမ်းအား သိန်းပေါင်း ၁,၀၀၀ ကျော် အမွေပေးခဲ့တဲ့ အဘွားအို

အနှစ် ၃၀ ကြာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူစိမ်းအား သိန်းပေါင်း ၁,၀၀၀ ကျော် အမွေပေးခဲ့တဲ့ အဘွားအို

တရုတ်နိုင်ငံ Shandong ကျေးလက်ဒေသရှိ အသက် ၆၆နှစ်အရွယ် Xu Huiming အမည်ရှိတဲ့အမျိုးသား ဟာ အိမ်နီးနားချင်းသက်ကြီးရွယ်အို Su Meiyun အမည်ရှိတဲ့အမျိုးသမီးကို သူမခင်ပွန်း ၁၉၈၈ ခုနှစ်မှာကွယ်လွန်သွားတဲ့အချိန်ကစပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

Su မှာကလေးမရှိတဲ့အတွက်ကြောင့် Xu က သူမအားမိသားစု၀င်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ယိုယွင်းပျက်စီးနေတဲ့ Su ရဲ့နေအိမ်ကိုဖြိုဖျက်ခဲ့တဲ့အချိန် သူမနေထိုင်ရန် နေအိမ်ငှါးရမ်းပေးခဲ့သလို သူမရဲ့သူနာပြုစောင့်ရှောက်တဲ့စရိတ် နှင့် ကုန်ကျစရိတ်အားလုံးကို မငြူငြင်ဘဲ ထောက်ပံ့ပေးခဲ့ပါတယ်။

” Su က Xu ကို အရမ်းယုံကြည်တယ် ဘာလုပ်လုပ် Xu နဲ့ဘဲတိုင်ပင်တယ်” လို့ Hong Qiuguo အမည်ရှိတဲ့ကျေးရွာပါတီအတွင်းရေးမှူးက ပြောခဲ့ပါတယ်။၂၀၁၇ ခုနှစ် Su အသက် ၉၃ နှစ်အရွယ်မှာ သူမရဲ့မြေယာပိုင်ဆိုင်မှုကို အတည်ပြုနိုင်ခဲ့ပြီး ယခုနှစ်မှာ သူမရဲ့မြေကွက်ဟာ ယွမ် ၁ သန်း ( သိန်းပေါင်း ၂,၀၀၀ကျော်) အထိ တန်ဖိုးရှိလာခဲ့ပါတယ်။

Ningbo မြို့ရှိ Jiangbei ခရိုင်ရဲ့ပြည်သူ့တရားရုံးမှာ Su ရဲ့ပိုင်ဆိုင်မှုအား သူမနှင့်ဆက်နွယ်တဲ့ သူမကိုပိုမိုအထောက်အပံ့ပေးတဲ့အမွေဆက်ခံသူမဟုတ်တဲ့သူအား အမွေမြေယာများကို သင့်လျော်တဲ့အခွင့်အလမ်းပေးမယ် လို့ Zhang Haijuan အမည်ရှိတဲ့တရားသူကြီးက ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*