အန္တရာယ်ရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဟင်းသီးဟင်းရွက်များကို ရောင်းချနေတဲ့ သနားစရာ မျက်မမြင်အဘွားအို

အန္တရာယ်ရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဟင်းသီးဟင်းရွက်များကို ရောင်းချနေတဲ့ သနားစရာ မျက်မမြင်အဘွားအို

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က Nanay Benny လို့ခေါ်တဲ့ မျက်မမြင်အဘွားတစ်ဦးဟာ လုံးဝမျက်မမြင်ဖြစ်နေပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းမှ အဘွား Nanay Benny ကို မတားဆီးနိုင်ခဲ့ပါဘူး။ Netizen Gary Liong က မနီလာမြို့က Nanay Benny နဲ့ တွေ့ဆုံစဉ် ထိုလေးစားဖွယ် မျက်မမြင်အဘွားက ဟင်းသီးဟင်းရွက်များရောင်းနေတာကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

အမှန်စင်စစ်အားဖြင့် Nanay Benny ဟာ လူတွေကို ရိုးသားမှု အပေါ်အမှီပြုခဲ့တာပါ။ အဘွားဟာ မျက်မမြင်တစ်ယောက်ဖြစ်နေတာကြောင့် လူတွေက သူမကို ငွေစက္ကူ ပေးရင်လည်း မသိနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ လူတွေက အဘွားကိုလိမ်လည်လှည့်စားခြင်း သို့မဟုတ် သူမရဲ့ဟင်းသီးဟင်းရွက်တွေကို ခိုးယူခြင်း သို့မဟုတ်သူမရဲ့ဝင်ငွေတွေကိုခိုးယူခဲ့မယ်ဆိုရင်လည်း သူမအနေနဲ့ လိုက်လံဖမ်းဆီးခြင်း သို့မဟုတ် အဖြစ်အပျက်ကို အာဏာပိုင်များထံ အစီရင်ခံခြင်းတို့ မပြုလုပ်နိုင်ပါဘူး။

ကျေးဇူးတင်စရာမှာ နှစ်ပေါင်းများစွာရောင်းဝယ်ဖောက်ကားခဲ့တဲ့နေရာနဲ့ အခြားဒေသများရှိ Nanay Benny ဟာ ထိုကဲ့သို့သောအခြေအနေမျိုးကို မတွေ့ရသေးပါဘူး။ သူမဟာ လူများတဲ့မြို့ပတ်လည်ကိုပြောင်းရွှေ့ရန်အတွက် အတော်လေးခက်ခဲစေတဲ့ မျက်မမြင်ခြင်းကြောင်း သူမဟာရိုးရိုးသားသားနဲ့ဝင်ငွေရှာခဲ့တာမို့ လူလိမ်တောင်မှ ဒီမျက်မမြင်အဘွားထံ ဘာမှခိုးယူဝံ့ကြလိမ့်မယ် မဟုတ်ပါဘူး။ Netizen Liong ရဲ့ အဆိုအရ အဘွား Nanay Benny ကို ကလေးငယ်တစ်ဦးကသာခေါ်ဆောင်ပြီး လမ်းပြပေးခြင်းဖြင့် သူတို့နှစ်ဦးစလုံးအတွက် အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ အဘွားက ဝင်ငွေရရန်အတွက် ဆုံးဖြတ်ထားခြင်းသာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*