အနောက်ဘက်သို့ခရီးသွားနေတုန်း ရဲဖမ်းခံရတဲ့မျောက်ဘုရင် စွန်းဝူခုံး

ဥပဒေအထက်မှာဘယ်အရာမှမရှိဖူးဆိုတာတကယ်အမှန်ပါဘဲ။ဥကဒေကဘယ်သူ့ကိုမှမျက်နှာမလိုက်ဖူးဆိုတာလည်း မှန်တာဘဲ။ဘာလို့လည်းဆိုတော့ အခုဘဲကြည့်လေ။ စွမ်းအားပေါင်းစုံပိုင်ဆိုင်ပါတယ်ဆိုတဲ့ မျောက်ဘုရင်ကြီး စွန်းဝူခုံး တောင် တရုတ်ပြည်မရဲ့ စောင့်ကြည့်နေရာတစ်ခုမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်မိလို့ ရဲဖမ်းခံလိုက်ရပါပြီတဲ့။ ကဲ!ကောင်းရော။

 

နောက်တခါဆိုလေပေါ်ပျံပြီးတော့သာသွားတော့ စွန်းအကိုကြီးရေ။ပြီးခဲ့တဲ့အဂါင်္နေ့ကJiyuan မြို့ရဲ့လမ်းမတစ်နေရာမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေရှောင်တခင် ၀င်စစ်ဆေးတုန်း Bus ကားတစ်စီးရဲ့ယာဉ်မောင်းထိုင်ခုံမှာ ဒဏ္ဍာရီသူရဲကောင်းကြီး စွန်းဝူခုံးကိုယ်တိုင်ထိုင်ပြီး မောင်းနေတာကြောင့် တအြံ့တသြဖြစ်ကာ ဖမ်းဆီးခဲ့ရပါတယ်။

အဲ့ဒီနောက် ကားပေါ်ကို ဆက်လက်တက်ရောက် ရှာဖွေခဲ့ရာ တရုတ်နိုင်ငံရဲ့နာမည်ကြီးဝတ္တုဖြစ်သော “အနောက်အရပ်သို့ခရီးသွားခြင်း”ဆိုတဲ့ ၀တ္တုထဲက ဇာတ်ကောင်တွေအားလုံးကိုပါ တွေ့ခဲ့ရပါတယ်။ဘာတွေဖြစ်ပျက်နေကြတာလည်းဆိုတာကိုသိရဖို့အတွက် စုံစမ်းမေးမြန်းဖို့အတွက် အကုန်လုံးကိုကားပေါ်ကနေဆင်းခိုင်းခဲ့ပါတော့တယ်။

 

ပြီးတဲ့နောက် မျောက်ဘုရင်အား ယာဉ်မောင်းလိုင်စင်ထုတ်ပြီးသိမ်းဆည်းခဲ့ပါတယ်။ မျောက်ဘုရင်ကြီးစွန်းဝူခုံးကတော့ သူ့ရဲ့ ကိုယ်ပိုင်ဟန်အတိုင်းဘဲ ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေးဆက်ဆံခဲ့ပြီး မေးသမျှမေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။ အားလုံးကိုစစ်ဆေးပြီးတဲ့နောက် သိလိုက်ရတာတော့ သူတို့တွေဟာ ယဉ်ကျေးမှု့အကဖွဲ့တစ်ဖွဲ့ဖြစ်ပြီး နိုင်ငံအနောက်ပိုင်းမှာလုပ်မယ့် ဖျော်ဖြေပွဲသို့သွားရောက်ဖျော်ဖြေရမှာပါတဲ့။

အဲ့ဒီနောက် ရဲတွေကလည်း သူတို့အဖွဲ့ရဲ့ အနောက်ဘက်သို့ခရီးသွားခြင်းကို ခွင့်ပြုခဲ့ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*