အနိမ့်ဆုံးအသံ note ကို သီဆိုနိုင်သူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ထားတဲ့ အမျိုးသား(ရုပ်သံ)

အနိမ့်ဆုံးအသံ note ကို သီဆိုနိုင်သူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ထားတဲ့ အမျိုးသား(ရုပ်သံ)

အသံအများစုကို soprano, alto , tenor သို့မဟုတ် bass ဖြစ်တဲ့အဓိကအသံအပိုင်းအစလေးခုအတွင်းသို့ ထည့်သွင်းနိုင်ပါတယ်။ အဆိုတော်များစွာဟာ ပိုမြင့်သော (သို့) အနိမ့်ဆုံး note သံတစ်ခုအထိ ရောက်ရှိရန်ကြိုးပမ်းနေတတ်ကြပါတယ်။သို့ပေမဲ့ အချို့သော ပါရမီရှင်အဆိုတော်တွေက လူသားမဆန်စွာ အသံထွက်နိုင်တဲ့အံ့သဩဖွယ်ကောင်းတဲ့ အသံများကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ဥပမာအားဖြင့် Tim Storms အမည်ရှိအမျိုးသားဟာ ဂင်းနစ်စံချိန်ကို “ လူတစ်ယောက်ရဲ့ထုတ်လုပ်နိုင်သော အနိမ့်ဆုံးအသံ note ” နှင့် “widest vocal range ” အဖြစ် သတ်မှတ်ခံထားရပါတယ်။

Storms ဟာ ၂၀၀၂ ခုနှစ် ဇန်နဝါရီလမှာ အနိမ့်ဆုံး အသံ note ဖန်တီးနိုင်သူလို့ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့ပေမဲ့ သူဟာ သူ့ရဲ့ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖောက်ခဲ့ပါသေးတယ်။Oklahoma နိုင်ငံ Tulsaမြို့မှာမွေးဖွားတဲ့ bass အဆိုတော် Storms ဟာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိကန်နိုင်ငံ ၊ မစ်ဆူရီပြည်နယ်၊ ဘရန်ဆန်မြို့ရှိ Citywalk စတူဒီယိုမှာ (၁၉၂၇ခုနှစ်မှာ Gene Austin မှ မှတ်တမ်းတင်ခဲ့တဲ့ ) Lonesome Road ကို သီဆိုခဲ့ပါတယ်။အဆိုပါဗီဒီယိုအား Sony EX15LP ရဲ့ နားကြပ်အရည်အသွေးကိုပြသရန် Alpha Sound မှပြုလုပ်ပေးခဲ့ပါတယ်။

နားကြပ်မတပ်ထားရင်တောင် Storms ရဲ့မိုက်ကရိုဖုန်းထဲသို့ သီဆိုနေတဲ့ အလွန်နိမ့်တဲ့ အနိမ့်ဆုံး note ကို လူအများက တန်ဖိုးထားနေဆဲဖြစ်ပါတယ်။သူဟာ ကြိမ်နှုန်း 0.1.189 Hz အထိရရှိရန် ကြိုးစားစီမံနေခဲ့ပါသေးတယ်။၎င်း ကြိမ်နှုန်းဟာ စန္ဒရားပေါ်မှာ G သံနိမ့်ကျတဲ့ ရှစ်ထောင့်ဘဲ ဖြစ်ပါတယ်။

သို့ပေမဲ့ Storms ရဲ့အဆိုအရ သူဟာ ၎င်းထပ်နိမ့်တဲ့အသံကို သီဆိုန်ုင်ပြီး ၎င်းအသံကို ဆင်တွေသာ ကြားနိုင်ကြောင်း ဆိုခဲ့ပါတယ်။ထို့အပြင် Storms ဟာ G / G # -5 မှ G / G # 5 (ဝ.၇၇၃၃ Hz – ၈၀၇.၃ Hz) အထိ ဘယ်လူသားကမှ မဆိုနိုင်နေတဲ့ 10 octaves ကို သီဆိုနိုင်သူအဖြစ် မှတ်တမ်းတင်ခံထားရပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*