အထီးကျန်ပြီး မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးတွေနဲ့ စောင့်ကြည့်ကင်မရာမှာ သခင့်ကိုအော်ခေါ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

အထီးကျန်ပြီး မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးတွေနဲ့ စောင့်ကြည့်ကင်မရာမှာ သခင့်ကိုအော်ခေါ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

2နှစ်သားအရွယ် Fufu အမည်ရှိတဲ့ တရုတ်နိုင်ငံက ကြောင်လေးတစ်ကောင်ရဲ့ video ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

အကြောင်းကတော့ ကြောင်လေးရဲ့သခင်ဖြစ်သူဟာ တရုတ်နှစ်သစ်ကူးရောက်ခါနီး နှစ်သစ်ကူးမှာ ဆွေးမျိုးမိဘတွေနဲ့အတူ နေအိမ်မှာ ဖြတ်သန်းဖို့ မွေးရပ်မြေကိုပြန်သွားခဲ့တာပါ ။ အစပိုင်းမှာတော့ သခင်ဖြစ်သူဟာ ကြောင်လေးကိုခေါ်သွားဖို့စဉ်းစားခဲ့ပေမဲ့လည်း နောက်ပိုင်ကြောင်လေးအစဉ်မပြေမှာ စိုးရိမ်ပြီး အစာ ၊ ရေ အပြည့်နဲ့ ကြောင်လေးကို နေအိမ်မှာ ထားရစ်ခဲ့တာပါ ။

ဖေဖော်ဝါရီလ 8 ရက်နေ့မှာတော့ သခင်ဖြစ်သူက ကြောင်လေးအခြေအနေကိုစစ်ဆေးဖို့ နေအိမ်မှာထားရစ်ခဲ့တဲ့သူမရဲ့ဖုန်းကို စောင်ကြည့်ကင်မရာအဖြစ်အသုံးပြုပြီး ကြည့်ရှုခဲ့ပါတယ် ။ Fufu လေးကလည်း မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးနဲ့ အော်နေပြီး ကင်မရာအရှေ့ပေါ်လာခဲ့ပါတယ် ။ သခင်ဖြစ်သူကလည်း အဆိုပါ video လေးကို social media ပေါ်မှာ ဝေမျှခဲ့ပြီး၊ ဝမ်းနည်းလွန်းလို့ ခရီးကိုအမြန်ဖြတ်ပြီး ကြောင်လေးဆီအပြေးပြန်လာခဲ့ပါတော့တယ် ။

ကြောင်လေးတွေက အထီးကျန်တဲ့အချိန် ၊ အလေးပေးခံချင်တဲ့အချိန် နဲ့ စိတ်ဖိစီးတဲ့အချိန်တွေမှာ ငိုတတ်ကြပါတယ် ။ Fufu လေးက ကျန်းကျန်းမာမာရှိနေပေမဲ့ နေအိမ်အတွင်းမှာ တစ်ကောင်ထဲဖြစ်နေခဲ့လို့ အတော်လေး အထီးကျန်နေခဲ့တာပါ ။ သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့ပြီးနောက်မှာတော့ အတော်လေးပျော်ရွှင်နေခဲ့တဲ့ Fufu ရဲ့ပုံစံကို video ထဲမှာတွေ့မြင်ရမှာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*