
အထိတ်တလန့် သွေးပျက်ဖွယ်အော်ဟစ်နေသည့် ကောင်မလေးကြောင့် အိမ်နီးချင်းများက ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာ ရဲများရောက်လာမှ ပင့်ကူကို ကြောက်လန့်နေမှန်း သိခဲ့ရသောအခါ
ကောင်မလေးအများစုတို့သည် ပိုးမွှားအကောင်ငယ်လေးများကို မြင်တွေ့ရလျှင် သွေးပျက်မတတ်တုန်လှုပ် ခြောက်ခြားနေတတ်ကြပါတယ်။ယခုတွင်လည်း စကော့တလန်နိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးသည် သူ၏နေအိမ်ထဲတွင် ပင့်ကူတစ်ကောင်ကို မြင်တွေ့လိုက်ရသောကြောင့် သွေးပျက်မတက် အထိန့်တလန့် အော်ဟစ်နေခဲ့တာလည်းဖြစ်ပါတယ်။
ထိုအခါ အိမ်နီးချင်းများကလည်း စိုးရိမ်ကာ ကောင်မလေး၏နေအိမ်သို့ သူစိမ်းများဝင်ရောက်လာသည်ဟု ထင်မှတ်ပြီး ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။
ထို့နောက် ရဲများကလည်း ကားနှစ်စီးဖြင့် ချက်ချင်းရောက်လာခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရန် ကြိုးစားခဲ့ပါတယ်။ထို့နောက်မှ ကောင်မလေးဟာ ပင့်ကူတစ်ကောင်ကို ကြောက်လန့်နေမှန်းသိခဲ့ရသောအခါ စခန်းမှုကြီးဟာ အလွန်ရယ်နေခဲ့ပြီး ပင့်ကူကို ဖမ်းပေးခဲ့ကြရပါတယ်။
Zawgyi
Leave a Reply