
အထင်သေးစွာဆက်ဆံနေတဲ့ ဆိုင်ဝန်ထမ်းရှေ့မှာတင် LV အိတ်ကို ရစရာမရှိအောင် ကတ်ကြေးနဲ့ညှပ်ပြခဲ့တဲ့အမျိုးသား
လူတော်တော်များများက အပေါ်ယံအဖြစ် ဝတ်စားပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့အခြေအနေ ၊အဆင့်အတန်းတွေကို ခန့်မှန်းတတ်ကြပါတယ်။၎င်းက အရမ်းကို မှားယွင်းလွန်းတဲ့အကျင့်တစ်ခုပါဘဲ။အထင်ကြီးစရာကောင်းတဲ့အဝတ်အစားတွေဝတ်ထားရင် auto ကို ဒီလူက အခြားကိုဆွဲဆောင်နိုင်တဲ့သူဌေးဘဲလို့ ထင်သွားတတ်တဲ့လူတွေလည်း ရှိနေမှာပါ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အမျိုးသားတစ်ဦးဟာ ၎င်းဆွဲဆောင်မှုရှိတဲ့သူဌေးတွေထဲက တစ်ယောက်မဟုတ်သလို သာမန်လူတစ်ယောက်လိုဝတ်စားထားတဲ့သူ့ကို နာမည်ကြီးတံဆိပ် Louis Vuitton ဆိုင်ရဲ့ဝန်ထမ်းတွေက သူ့စတိုင်ကိုကြည့်ပြီး အလွန်စိတ်ဝင်စားမှုမရှိနေပုံရပါတယ်။ Ismail Ariffin အမည်ရှိအမျိုးသားဟာ Kuala Lumpur City Center ရှိဇိမ်ခံစတိုးဆိုင်မှာဖြစ်ပျက်သွားတဲ့ သူ့သူငယ်ချင်းဖြစ်သူ Zainal Abidin ရဲ့အဖြစ်ကို Facebook မှာ မျှဝေပေးခဲ့ပါတယ်။
၎င်း City Center က အဆင့်မြင့်ဖက်ရှင်ကုန်တိုက် ၊ နာမည်ကြီးတံဆိပ်ပစ္စည်းနဲ့ပြည့်နေတဲ့စင်တာတစ်ခုလို့ လူသိများပါတယ်။ Ismail က ၎င်းဆိုင်က သူတို့ရဲ့ဝတ်စားပုံကြောင့် သူတို့ကို ခွေးတွေလို ဆက်ဆံခဲ့ကြသလို Zainal က LV အိတ်တစ်လုံးကို ဝယ်ယူခဲ့ပြီး အဆိုပါအိတ်မှာ သူ့နာမည်ကို ဖောင်းကြွနဲ့ထည့်ချင်လို့ ၎င်းဆိုင်ကို ပြန်သွားခဲ့ကြပါတယ်။
သို့ပေမဲ့ ဆိုင်ဝန်ထမ်းတွေက LV အိတ်က တန်ဖိုးကြီးပြီး ပျက်စီးသွားမှာကို ကြောက်တာကြောင့် Zainalရဲ့တောင်းဆိုမှုကို လက်မခံခဲ့ကြပါဘူး။၎င်းက မျှတမှုရှိပုံရပေမဲ့လည်း အဖြစ်အပျက်တစ်ခုလုံးကို စိတ်ပျက်သွားစေတဲ့အနေနဲ့ ဝန်ထမ်းတွေက Zainal ကို ဆင်းရဲသားလို့ စွပ်စွဲပြီး သူ့အား ဒေါသထွက်သွားစေခဲ့ကာ “မင်းတို့ ငါနဲ့ငါ့သူငယ်ချင်းကို မျောက်လို မဆက်ဆံစေရဘူး” လို့ဆိုခဲ့ပါတယ်။
ထို့နောက် အလွန်ဒေါသထွက်သွားတဲ့ Zainal က ဝန်ထမ်းတွေကို ကတ်ကြေးတောင်းပြီး ၎င်းတို့ရှေ့မှာဘဲ LVအိတ်ကို ညှပ်ပြီး ဖျက်ဆီးပြခဲ့ကာ “ သူတို့က သူတို့ရဲ့LV အိတ်တွေက ငါတို့ရဲ့ဂုဏ်သိက္ခာထပ် တန်ဖိုးကြီးတယ်လို့ ထင်နေကြတယ်” လို့ဆိုရင်း LV အိတ်ကို သုံးမရတော့အောင် ညှပ်ပစ်ပြခဲ့ပါတယ်။တစ်ကယ်တော့ Zainal က ဆင်းရဲတဲ့လူတစ်ယောက်ဖြစ်ဖို့ ဝေးလာဝေးပါဘဲ။သူအဲ့ဒီအချိန်က ယူဆောင်လာခဲ့တဲ့ Louis Vuitton x Takashi Murakami Monogramoflauge Duffle Bag အိတ်က ဒေါ်လာ ၇၀၀၀ ကျော်တန်ဖိုးရှိပါတယ်။
၎င်းဗီဒီယိုဟာ ချက်ချင်းပင် အာရုံစိုက်မှုများစွာရရှိခဲ့ပြီး netizen တွေက ၎င်းတို့ရဲ့စိတ်ပျက်စရာကောင်းတဲ့အတွေ့အကြုံအချို့ကိုလည်း မျှဝေခဲ့ကြသလို လူတစ်ယောက်က “ တချို့ဆိုင်ဝန်ထမ်းတွေက ဆိုင်ရှင်ပုံစံဖမ်းတတ်ကြတယ် ၊ တကယ်တော့ သူတို့က လစာနည်းနည်းရကြတာ” လို့မှတ်ချက်ပေးခဲ့ပါတယ်။
သို့ပေမဲ့ သတင်းအရင်းအမြစ်ကိုသိတဲ့လူတစ်ယောက်က Zainal ရဲ့အိတ်က နာမည်ဖောင်းကြွထည့်လို့မရတဲ့အိတ်မျိုးဖြစ်နေလို့ ဆိုင်ဝန်ထမ်းက လုပ်လို့မရကြောင်းကို ရှင်းပြဖို့ကြိုးစားခဲ့သေးကြောင်း ဆိုခဲ့ပြန်ပါတယ်။ Zainal နဲ့ ဆိုင်ဝန်ထမ်းတို့အကြားက ပြဿနာအသေးစိတ်ကိုတော့ သေချာမသိခဲ့ရပါဘူး။သို့ပေမဲ့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးတော့ မဆုံးဖြတ်သင့်တာက အမှန်ပါ။
Leave a Reply