
အထက်တန်းကျောင်းသားဘဝမှစကာ ဘဝကို အတူတူဖြတ်သန်းနိုင်ရန်ကြိုစားခဲ့ရပြီး ရှစ်နှစ်အကြာတွင် လက်ထပ်မင်္ဂလာပြုကာ လူအများကို အားစေခဲ့ရသည့် စုံတွဲလေး
များသောအားဖြင့် လူကြီးသူမများဟာ အရွယ်ရောက်ခါစ ကလေးငယ်တို့ကို စိတ်ကစားခြင်းမရှိဘဲ လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် တွန်းပို့ပေးတတ်ကြသည်။လူငယ်အများစုတို့ဟာလည်း ငယ်ရွယ်စဉ်က စိတ်ကစားမှုဟာ ကြာရှည်မခံဘဲ အချစ်ကိုပြီးသွားတတ်ကြပါတယ်။
သို့သော်လည်း လူအနည်းစုဟာ ငယ်စဉ်က အချစ်နှင့်ပင် ပေါင်းဖက်နိုင်သည်အထိ သစ္စာတရားကို လက်ကိုင်ထားနိုင်ကြသူတွေလည်း ရှိပါတယ်။မလေးရှားနိုင်ငံမှ Yeefot Konဆိုသည့်ကောင်လေးနှင့် Jai Ningဆိုသည့် ကောင်မလေးတို့ စုံတွဲနှစ်ဦးဟာလည်း စိတ်တူကိုယ်တူဖြင့် ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ တက္ကသိုလ်ကိုလည်း အတူတူတက်ရောက်ပြီး ဘွဲ့အတူတူယူခဲ့ကြတာဖြစ်ပါတယ်။လုပ်ငန်းခွင်ဝင်ရောက်သည့်အချိန်တွင်လည်း ကောင်လေးဟာ ကောင်းမွန်သည့်အလုပ်ကို စွန့်လွှတ်ပြီး ကောင်မလေးနှင့်အတူ လုပ်ကိုင်နိုင်မည့် အလုပ်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ယခုတွင် သူတို့နှစ်ဦးဟာ အများအားကျဖွယ်ရာ အချစ်ခရီးလေးမှ ပျော်ရွင်ဖွယ် မင်္ဂလာပွဲလေးကို ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။
Zawgyi
Leave a Reply