အတိတ်ဘဝက ချစ်သူတွေဖြစ်တယ်ဆိုတဲ့ မိဘများရဲ့ယုံကြည်မှုကြောင့် အချင်းချင်း လက်ထပ်ထိမ်းမြားခဲ့ကြရတဲ့ အသက် ၅နှစ်အရွယ် အမွှာနှစ်ဦး

ထိုင်းနိုင်ငံမှ ၅နှစ်အရွယ် အမွှာနှစ်ယောက်ဟာ အတိတ်ဘဝမှာ ချစ်သူများဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကို ဖြည့်ဆည်းရန်အတွက် အချင်းချင်း လက်ထပ်ခြင်းခံခဲ့ရပါတယ်။အဆိုပါကောင်လေးနှင့် အစ်မဖြစ်သူတို့ဟာ မတ်လ ၄ရက်နေ့ က ထိုင်းနိုင်ငံ Nakhon Si Thammarat ပြည်နယ်ရှိ ၎င်းတို့ရဲ့နေအိမ်မှာ လက်ထပ်ခဲ့ကြပါတယ်။The Sun သတင်းအရ ၎င်းတို့ရဲ့မိဘများက အဆိုပါအမွှာနှစ်ယောက်ဟာ အတိတ်ဘဝမှ ယခင်ဆက်သွယ်မှုကြောင့် အတူတကွမွေးဖွားလာခဲ့ကြတယ်လို့ ယုံကြည်ခဲ့ကြပြီး အဆိုပါအမွှာဟာ သူတို့ရဲ့ဆက်ဆံရေးမပြတ်သွားခင်က သူတို့ဟာ ချစ်သူစုံတွဲများဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ထို့အပြင် မိဘများက အဆိုပါအမွှာတို့ဟာ သူတို့ရဲ့ယခင်ဘဝက ဆက်ဆံရေးမှကံမကောင်းမှုများကြောင့် သူတို့ရဲ့ယခုဘဝမှာ ကံဆိုးမှုများ မကျရောက်လာစေရန်အတွက် သူတို့နှစ်ဦးအား အမြတ်ဆုံးသောအချိန်မှာ လက်ထပ်ထိမ်းမြားပေးရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြပါတယ်။မိတ်ဆွေများနှင့်မိသားစုများ တက်ရောက်ခဲ့သည့် ၎င်းမင်္ဂလာဆောင်အခမ်းအနားမှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက ကောင်လေးနှင့်ကောင်မလေးအား ကောင်းချီးပေးခဲ့ပြီးနောက် ရိုးရာထိုင်းအခမ်းအနားများအနေဖြင့် တေးဂီတ ၊ အကပွဲများကျင်းပခဲ့ကြပါတယ်။

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ လက်ဖွဲ့ပစ္စည်းများကိုတော့ မိသားစုရဲ့ဆွေမျိုးသားချင်းများက လက်ဖွဲ့ပေးခဲ့ကြပါတယ်။“ အကယ်လို့ ခင်ဗျားတို့ရဲ့ကလေးတွေက ကျား၊မ မတူတဲ့အမွှာအဖြစ် မွေးဖွားလာခဲ့ရင် သူတို့ကို လက်ထပ်ပေးရမယ် သို့မဟုတ်ရင် သူတို့ထဲက တစ်ယောက်က သူ့ရဲ့နောင်လာမယ့်ဘဝမှာ အမြဲနားမကျန်းဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ် ၊

ကျွန်တော်တို့က ကလေးတွေဘေးကင်းလုံခြုံအောင်လုပ်ဖို့အတွက်သာ လုပ်နေတာပါ ၊ သူတို့ကိုမဖျားနာစေချင်ဘူး ၊ ဒီယုံကြည်ချက်ကိုလိုက်နာမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး” လို့ ဖခင်ဖြစ်သူက ဂုဏ်ယူစွာ ရှင်းပြခဲ့ပါတယ်။ထို့အပြင် မိခင်ဖြစ်သူကလည်း “ အမွှာမွေးရတာ အရမ်းကံကောင်းတယ် ၊ ဒါပေမဲ့ သူတို့ရဲ့အရင်ဘဝကနေ တစ်ခုခုက သူတို့နောက်ကိုလိုက်နေမှာကို ကျွန်မ စိုးရိမ်မိတယ် ၊

ကျွန်မတို့ရဲ့ယုံကြည်ချက်ကသူတို့ရဲ့အရင်ဘဝကကံကို ရှင်းလင်းပစ်ဖို့ သူတို့ကို လက်ထပ်ပေးရမှာပါဘဲ” လို့ ဆိုခဲ့ပါတယ်။၎င်းအမွှာအတွက် မင်္ဂလာရှိတဲ့လက်ထပ်ပွဲကို ကျင်းပပေးခဲ့ကြသော်လည်း သူတို့ရဲ့လက်ထပ်ခြင်းကို တရားဝင် အသိအမှတ်ပြုခြင်းမရှိဘဲ အခမ်းအနားရည်ရွယ်ချက်များအဖြစ်သာ ပြုလုပ်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*