
အတန်းပိုင်ဆရာမကိုမှ အခန်းထဲဝင်လာသည့်အချိန် သရဲခြောက်ကာ စနောက်ခဲ့သည့်ကျောင်းသား မိဘအခေါ်မခံရတာ ကံကောင်းသွားခဲ့
ကျောင်းသားဘဝပျော်ရွင်စရာအမှတ်တရာများစွာထဲတွင် တစ်ဦးနှင့်တစ်ဦး စနောက်ကျသည့်အချိန်သည်လည်း အပါအဝင်ပင်ဖြစ်ပေသည်။လူတိုင်းတွင် ကျောင်းသားဘဝက အစအနောက်သန်ပြီး ပျော်ရွင်စရာအမှတ်တရတွေကို ဖန်တီးပေးတတ်သည့် သူငယ်ချင်းတစ်ဦးတော့ ရှိနေတတ်ကြပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကျောင်းသားတစ်ဦး၏ စနောက်ပုံလေးဟာ ငယ်စဥ်ကျောင်းသားဘဝကို ပြန်လာ်သတိရစေခဲ့ပါတယ်။ကျောင်းသားလေးဟာ ငါးခေါင်းပုံအရုပ်ကြီးကို ခေါင်းတွင်စွပ်ထားပြီး ခြောက်လန့်စနောက်ခဲ့တာဖြစ်ပါတယ်။
သူစနောက်တာကလည်း သူငယ်ချင်းတွေကိုမဟုတ်ဘဲ အတန်းပိုင်ဆရာမကိုမှ စနောက်ခဲ့တာဖြစ်ပါတယ်။ဆရာမအခန်းထဲသို့ ဝင်လာသည့်အချိန်တွင် ခြောက်လန့်ခဲ့တာဖြစ်ပြီး ဆရာမဟာ အတော်လေးကို ကြောက်လန့်သွားခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ဆရာမဟာ စနောက်နေသည်မှန်လည်းသိရော ကျောင်းသားလေးကို ခေါင်းခေါက်ကာဆုံးမခဲ့ပါတယ်။
Leave a Reply