
အတန်းထဲတွင်ပထမဆုရသော်လည် ကျူရှင်လခမပေးနိုင်သောကြောင့် ဆုချခြင်းမရှိသည့် ဆရာမကို သားမနက်ဖြန်ကျူရှင်လခပေးပါတယ်လို့ ကတိပေးစာပို့ခဲ့သည့် ကလေး
လူတိုင်းအတွက် ကလေးသူငယ်ကျောင်းသားဘဝတွင် အတန်းထဲမှ ဆရာမ၏ချီးကျူးခြင်းကို ခံနေရလျှင် ဂုဏ်ယူနေတတ်ကြသည်။စာသင်ခန်းထဲတွင် ပထမရသည်ဆိုလျှင် သူငယ်ချင်းများကြားတွင် ထင်ပေါ်စွာဖြင့် နေနိုင်သည်မှာ ကလေးတို့၏ သဘာဝပင်ဖြစ်ပေသည်။
ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ စာသင်ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသော ၁တန်းကျောင်းသားလေးဟာ အတန်းထဲတွင် ပထမရခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ကလေးငယ်ဟာ ကျူရှင်လခကို ပုံမှန်မပေးနိုင်သည့်အတွက် ဆုရရှိတာကို ဆုချခြင်းမခံခဲ့ရပါဘူး။
ထို့ကြောင့် ကျောင်းသားလေးဟာ ပထမဆုလိုချင်သောကြောင့် ဆရာမဖြစ်သူထံသို့ မနက်ဖြန်တွင် ကျူရှင်လခကို ပေးမယ်လို့ ကတိပေးပါတယ်ဟု ရေးသားကာ ဆရာမထံသို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။မိဘဖြစ်သူကတော့ သားဖြစ်သူအတွက် အလွန်စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းနေရတယ်လို့ သိရပါတယ်။
Zawgyi
Leave a Reply