အစ်ကိုအရင်းစီကနေ ရွှေခဲအသေးလေး လက်ဆောင်ရခဲ့တဲ့အဖြစ်အပျက်ကို ပြောပြခဲ့တဲ့မိန်းကလေး

အစ်ကိုအရင်းစီကနေ ရွှေခဲအသေးလေး လက်ဆောင်ရခဲ့တဲ့အဖြစ်အပျက်ကို ပြောပြခဲ့တဲ့မိန်းကလေး

Jennifer Ling အမည်ရှိတဲ့ Facebook အသုံးပြုသူ မိန်းမငယ်လေးက သူမအမြဲလိုချင်နေခဲ့တဲ့ ရွှေချောင်းအသေးလေးကို အစ်ကိုစီကနေလက်ဆောင်ရခဲ့တဲ့အဖြစ်အပျက်လေးကို ဝေမျှခဲ့ပါတယ် ။ မကြာသေးခင်က ရွှေဈေးတွေကျသွားခဲ့လို့ သူမရဲ့အစ်ကိုဖြစ်သူက ရွှေဆိုင်သွားရောက်လည်ပတ်ခဲ့ပါတယ် ။

ထိုအချိန်မှာတော့ သူမအမြဲလိုချင်နေတဲ့ ရွှေခဲအသေးလေးကိုပါ ကြည့်ပေးဖို့အစ်ကိုဖြစ်သူကတောင်းဆိုခဲ့ပါတယ် ။ အစ်ကိုဖြစ်သူကလည်း ရွှေခဲလေးရဲ့ ငွေအမောင့်ကို သူမထံမေးခဲ့ပေမဲ့လည်း သူမကမရိပ်မိခဲ့ပါဘူး ။ နောက်နေ့မှာတော့ သူမကအစ်ကိုက ရွှေဘူးလေးကို သူမရဲ့အခန်းထဲမှာ ထားရစ်ခဲ့ပါတယ် ။ သူမကအချိန်အတော်ကြာသည်အထိ ဘားမှမသိခဲ့လို့ အစ်ကိုဖြစ်သူက ‘ နင်အခန်းထဲမှာ အကြာကြီးနေပြီး ဘာလုပ်နေတာလဲ’ ဆိုပြီး သူမကိုမေးခဲ့ပါတယ် ။

နောက်ဆုံးတော့မှ ရွှေဘူးလေးကို တွေ့ရှိခဲ့လို့ အစ်ကိုဖြစ်သူလက်ဆောင်အဖြစ်ဝယ်ပေးခဲ့မှန်း သိခဲ့ရပြီး အတော်လေးကြည်နူးသွားခဲ့ရပါတယ် ။ သူမမွေးဖွားလာပြီးတဲ့အချိန်ထိ ယခုလက်ဆောင်မှာ အစ်ကိုဆီကနေ 3 ခုမြောက် ရှားရှားပါးပါးလက်ဆောင်ဖြစ်လို့ အတော်လေးကြည်နူးခဲ့ရကြောင်း သူမရဲ့ social media စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။

Zawgyi






 

Be the first to comment

Leave a Reply

Your email address will not be published.


*