
အစ်ကိုဖြစ်သူရဲ့ အိမ်မျက်နှာစာမြင်ကွင်းကိုဖုံးကွယ်ချင်လို့ အပါးလွှာဆုံးတိုက်အဆောက်အအုံကို ဆောက်လုပ်ခဲ့တဲ့ အမျိုးသား
တစ်ခါတစ်လေ ညီအစ်ကို ၊ မောင်နှမအချင်းချင်း စိတ်သဘောထားမတိုက်ဆိုင်မှုတွေက တစ်ဖက်ကန်းလွန်တဲ့အထိ ရန်ငြိုးထားမိတဲ့အထိ ဖြစ်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Sandra Rishani အမည်ရှိတဲ့အမျိုးသမီးက လစ်ဘနွန်နိုင်ငံရဲ့ အပါးလွှာဆုံးအဆောက်အအုံရဲ့ အကြောင်းကို ပြောပြခဲ့ပါတယ် ။
အဲတာကတော့ အမျိုးသားတစ်ဦးဟာ သူ၏အစ်ကိုဖြစ်သူရဲ့ နေအိမ်မျက်နှာစာ ပင်လယ်ပြင်ကိုမြင်နေရတဲ့ မြင်ကွင်းကို ဖုံးကွယ်ပစ်ချင်လို့ အစ်ကိုဖြစ်သူရဲ့အဆောက်အအုံးနဲ့ ကပ်လျက်အပါးလွှာဆုံးအဆောက်အအုံတည်ဆောက်ခဲ့ပါတယ် ။ အဆိုပါအဆောက်အအုံကို 1954 ခုနှစ်မှာတည်ဆောက်ခဲ့ပြီး အဆောက်အအုံရဲ့ အကျယ်ဆုံးအပိုင်းမှာ 4.26m ရှိပြီး အကျဉ်မြောင်းဆုံးနေရာရဲ့ အကျယ်အဝန်းကတော့ 61cm သာရှိပါတယ် ။
အဖြစ်အပျက်ရဲ့အစကတော့ ညီအစ်ကိုနှစ်ယောက်ဟာ မြေတစ်ကွက်ကို အမွေရခဲ့ပါတယ် ။ သို့ပေမဲ့လည်း မြေကွက်ကိုအညီအမျှခွဲဝေဖို့ သဘောတူညီမှုမရတဲ့အဆုံး ညီဖြစ်သူက လမ်းဘေးနားကပ်လျက် မြေကွက်အကျဉ်းလေးကိုသာပေးဖို့ တောင်ဆိုခဲ့ပါတယ် ။ ထို့နောက်သူ့ရဲ့အကြံအတိုင်း အစ်ကိုဖြစ်သူရဲ့မြေကွက် ဈေးကျအောင် ပင်လယ်ပြင်ဖက်မျက်နှာစာမြင်ကွင်းကို တိုက်နဲ့ပိတ်ပြီး ဆောက်လုပ်ပစ်ခဲ့ပါတယ် ။
သို့ပေမဲ့လည်း အဆိုပါ ပါးလွှာတဲ့အဆောက်အအုံမှာ နေထိုင်သူတွေရှိကြပါတယ် ။ ညီဖြစ်သူက အဆိုပါအဆောက်အအုံဆီကနေ ဝင်ငွေအနည်းငယ်သာရရှိပေမဲ့လည်း ၊အကျိုးအမြတ်အနေနဲ့ အစ်ကိုဖြစ်သူရဲ့ မြေဈေးကို ဆွဲချနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။
Zawgyi
အစ္ကိုျဖစ္သူရဲ႕ အိမ္မ်က္ႏွာစာျမင္ကြင္းကိုဖုံးကြယ္ခ်င္လို႔ အပါးလႊာဆုံးတိုက္အေဆာက္အအုံကို ေဆာက္လုပ္ခဲ့တဲ့ အမ်ိဳးသား
တစ္ခါတစ္ေလ ညီအစ္ကို ၊ ေမာင္ႏွမအခ်င္းခ်င္း စိတ္သေဘာထားမတိုက္ဆိုင္မႈေတြက တစ္ဖက္ကန္းလြန္တဲ့အထိ ရန္ၿငိဳးထားမိတဲ့အထိ ျဖစ္တတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Sandra Rishani အမည္ရွိတဲ့အမ်ိဳးသမီးက လစ္ဘႏြန္ႏိုင္ငံရဲ႕ အပါးလႊာဆုံးအေဆာက္အအုံရဲ႕ အေၾကာင္းကို ေျပာျပခဲ့ပါတယ္ ။
အဲတာကေတာ့ အမ်ိဳးသားတစ္ဦးဟာ သူ၏အစ္ကိုျဖစ္သူရဲ႕ ေနအိမ္မ်က္ႏွာစာ ပင္လယ္ျပင္ကိုျမင္ေနရတဲ့ ျမင္ကြင္းကို ဖုံးကြယ္ပစ္ခ်င္လို႔ အစ္ကိုျဖစ္သူရဲ႕အေဆာက္အအုံးနဲ႔ ကပ္လ်က္အပါးလႊာဆုံးအေဆာက္အအုံတည္ေဆာက္ခဲ့ပါတယ္ ။ အဆိုပါအေဆာက္အအုံကို 1954 ခုႏွစ္မွာတည္ေဆာက္ခဲ့ၿပီး အေဆာက္အအုံရဲ႕ အက်ယ္ဆုံးအပိုင္းမွာ 4.26m ရွိၿပီး အက်ဥ္ေျမာင္းဆုံးေနရာရဲ႕ အက်ယ္အဝန္းကေတာ့ 61cm သာရွိပါတယ္ ။
အျဖစ္အပ်က္ရဲ႕အစကေတာ့ ညီအစ္ကိုႏွစ္ေယာက္ဟာ ေျမတစ္ကြက္ကို အေမြရခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေျမကြက္ကိုအညီအမွ်ခြဲေဝဖို႔ သေဘာတူညီမႈမရတဲ့အဆုံး ညီျဖစ္သူက လမ္းေဘးနားကပ္လ်က္ ေျမကြက္အက်ဥ္းေလးကိုသာေပးဖို႔ ေတာင္ဆိုခဲ့ပါတယ္ ။ ထို႔ေနာက္သူ႔ရဲ႕အႀကံအတိုင္း အစ္ကိုျဖစ္သူရဲ႕ေျမကြက္ ေဈးက်ေအာင္ ပင္လယ္ျပင္ဖက္မ်က္ႏွာစာျမင္ကြင္းကို တိုက္နဲ႔ပိတ္ၿပီး ေဆာက္လုပ္ပစ္ခဲ့ပါတယ္ ။
သို႔ေပမဲ့လည္း အဆိုပါ ပါးလႊာတဲ့အေဆာက္အအုံမွာ ေနထိုင္သူေတြရွိၾကပါတယ္ ။ ညီျဖစ္သူက အဆိုပါအေဆာက္အအုံဆီကေန ဝင္ေငြအနည္းငယ္သာရရွိေပမဲ့လည္း ၊အက်ိဳးအျမတ္အေနနဲ႔ အစ္ကိုျဖစ္သူရဲ႕ ေျမေဈးကို ဆြဲခ်ႏိုင္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။
Leave a Reply