အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့ပြုလုပ်ထားတဲ့ အိတ်လေးများ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့ပြုလုပ်ထားတဲ့ အိတ်လေးများ

ဒီဇိုင်းပညာရှင် Ben Denzer နဲ့ Hermes တို့နှစ်ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဟင်းသီးဟင်းရွက် Birkin အိတ်ဒီဇိုင်း (၃) ခု နဲ့ အတူ အံ့သြဖွယ်ကောင်းတဲ့ အဖြစ်မှန်ကို ဖြစ်ပေါ်စေပါတယ် ။ သခွားသီး၊ ဂေါ်ဖီထုပ်နဲ့ ကညွတ်စတဲ့ ဒီဇိုင်း ၃ ခုရှိပါတယ်။ သခွားသီးနဲ့ ကညွတ်အိတ်များကို အိတ်အဖြင့် အသွင်ပြောင်းလိုက်တဲ့အခါမှာ classic bag နဲ့ ဆင်တူပါတယ် ။ သို့ပေမဲ့ ဂေါ်ဖီထုပ်အိတ်ကတော့ ယေဘုယျအားဖြင့် ပိုက်ဆံအိတ်ပုံစံနဲ့ တူပါတယ်။

Ben Denzer ဟာ သူ့ရဲ့ Instagram ပေါ်မှာ သူတို့ပြုလုပ်ထားတဲ့ ပုံစံတွေကို တင်ပြီး ၎င်းဟင်းသီးဟင်းရွက်များနဲ့ Birkins အိတ် မည်သို့ ရှင်သန်လာသည်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့တင်ပြချက်တွေကို ကြည့်ခြင်းအားဖြင့် ညစာအတွက် ပုံမှန်မီးဖိုချောင်ပြင်ဆင်မှု တစ်ခုလို့ ထင်ရပါတယ်။ သူ့ရဲ့ အချက်အပြုတ်ဖန်တီးမှုတွေက ဖက်ရှင်သမားများအတွက် အခက်အခဲတစ်ခုဖြစ်စေပါတယ်။ နောက်ကွယ်က ဓာတ်ပုံတွေမှာ ၎င်းအိတ်များကို ဖန်တီးတဲ့အခါ အလွန်ရှုပ်ထွေးတဲ့ အသေးစိတ်အချက်အလက်များစွာကို ရည်ညွှန်းစာရွက်များ နဲ့ အတူ ထည့်သွင်းထားပါတယ်။

ဟင်းသီးဟင်းရွက်အိတ်များအပြင် Birkin အိတ်များကို သစ်သီးတွေနဲ့ ပြုလုပ်ထားပါသေးတယ်။ ပန်းသီး၊ ငှက်ပျောသီး နဲ့ ပြုလုပ်ထားတဲ့ Birkin အိတ်ကို အွန်လိုင်းမှာလည်း ဝေမျှခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းဟင်းသီးဟင်းရွက် Birkin အိတ်တစ်လုံးကို အလှပုံစံနဲ့သာ ပြုလုပ်ထားဒါကြောင့် ဆွဲယူအသုံး ပြုလို့မရပါဘူး။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*