အစားအသောက်များ လိုက်လံလှူဒါန်းနေသူကို တွေ့လိုက်ရသောအခါ သရဲတစ်ကောင်တွေ့သလို ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့သည့် ဆိုင်ကယ်တက္ကစီမောင်းသမား

အစားအသောက်များ လိုက်လံလှူဒါန်းနေသူကို တွေ့လိုက်ရသောအခါ သရဲတစ်ကောင်တွေ့သလို ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့သည့် ဆိုင်ကယ်တက္ကစီမောင်းသမား

ယခုလို ကပ်ရောဂါ ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းဟာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ရောဂါကြောင့် တားမြစ်ထားသည့် စည်းကမ်းများနှင့်အညီ ဘဝရှင်သန်ရေးအတွက် ကြိုးစားနေကြရသည်။သာမန်ထက် ပိုမိုခက်ခဲလာရသူများလည်း ရှိသောကြောင့် ငွေကြေးအနည်းငယ် အဆင်ပြေသူများဟာ အစားအသောက် အဝတ်အထည်များကို လိုက်လံလှူဒါန်းလေ့ရှိပါတယ်။

 

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံတွင် ညအချိန်တစ်ခု၌ ဆိုင်ကယ်တက္ကစီမောင်းသည့် ကောင်လေးဟာ ဆိုင်ကယ်ပေါ်တွင် အနားယူနေခဲ့ပါတယ်။ထိုအချိန်တွင် အစားအသောက်များကို စည်းကမ်းနှင့်အညီ လှူဒါန်းနေသူတစ်ဦးက ကောင်လေးကို အစားအသောက်သွားပေးခဲ့ပါတယ်။

တက္ကစီမောင်းသည့် ကောင်လေးဟာလည်း ရုတ်တရက် အစားအသောက်လှူဒါန်းသူပေါ်လာသည်ကို တွေ့သောအခါ ထွက်ပြေးပါတော့တယ်။လှူဒါန်းသည့် အမျိုးသားဟာလည်း နောက်မှပြေးလိုက်ကာ သေချာနားလည်အောင် ရှင်းပြပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*