အစားအစာရှာဖွေဖို့အတွက် ကျောင်းဝန်းအတွင်းထိ ဝင်ရောက်ကျူးကျော်လာခဲ့တဲ့ ဆင်တစ်ကောင်

အစားအစာရှာဖွေဖို့အတွက် ကျောင်းဝန်းအတွင်းထိ ဝင်ရောက်ကျူးကျော်လာခဲ့တဲ့ ဆင်တစ်ကောင်

ဇန်နဝါရီ ၁၉ ရက်နေ့က မလေးရှားနိုင်ငံရှိ စာသင်ကျောင်းတစ်ကျောင်းထဲသို့ဝင်ရောက်ကျူးကျော်နေခဲ့တဲ့ ဆင်တစ်ကောင်ရဲ့ဗီဒီယိုဟာ social media မှာပျံ့နှံ့သွားခဲ့ပါတယ်။၎င်းဗီဒီယိုကို ကျောင်းဝန်းကျင်ရှိ မျက်မြင်သက်သေတစ်ဦးက ဖမ်းယူရိုက်ကူးခဲ့တာပါ။

ကူးစက်ရောဂါကြောင့် စာသင်ကျောင်းများပိတ်ထားရတာကြောင့် ဆင်များက ကျောင်းဝန်းထဲသို့ ဝင်ရောက်ရန် လုံလောက်တဲ့ရဲစွမ်းသတ္တိတွေရှိနေကြပါတယ်။ဆင်အုပ်စုတစ်စုဟာ Sekolah Kebangsaan (SK) RPS Kemar စာသင်ကျောင်းရဲ့ ကျောင်းဝန်းထဲသို့ လွန်ခဲ့တဲ့လတွေကတည်းက ပုံမှန်ဝင်ရောက်နေခဲ့တယ်လို့ Astro Awani သတင်းက ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုဆင်ဟာ အစားအစာရှာဖွေရန် ကျောင်းပတ်ပတ်လည်မှာလှည့်လည်နေခဲ့ပြီး ထိုဆင်က ရန်လိုစိတ်မရှိဘဲ ကျောင်းဝန်းထဲမှာ အေးဆေးသွားလာနေခဲ့ပါတယ်။Perak တောရိုင်းတိရိစ္ဆာန်နှင့်အမျိုးသားဥယျာဉ် (Perkililitan) မှညွှန်ကြားရေးမှူး Yusoff Shariff ဟာ

ဆင်လေးကောင်ကနေ ငါးကောင်အထိက ၎င်းစာသင်ကျောင်းထဲသို့ ဝင်ရောက်ခဲ့တာကို သိလိုက်ရပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလကဘဲ ၎င်းစာသင်ကျောင်းရဲ့ပတ်ပတ်လည် ပတ်ဝန်းကျင်ကို ခြံစည်းရိုးများခတ်ထားခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။သို့ပေမဲ့ ၎င်းခြံစည်းရိုးများက မကြာသေးခင်ကဘဲ ပျက်စီးသွားခဲ့ပါတယ်။

တောရိုင်းတိရိစ္ဆာန်ဝန်ထမ်းများက ခြံစည်းရိုးကို ပြန်လည်ပြုပြင်ပြီးနောက် ထိုဒေသသို့ ဆင်များထပ်မံမဝင်ရောက်နိုင်တော့အောင် ခြောက်လန့်တဲ့သဘောနဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှင့်နိုင်တဲ့ခြံစည်းရိုးတွေကို ပြောင်းလဲတပ်ဆင်ထားကြောင်း Yusoff က ရှင်းပြခဲ့ပါတယ်။

ထို့အပြင် ဆင်များကြောက်ရန် အပြာရောင် high LED မီးလုံးများကိုလည်း တပ်ဆင်ထားပါတယ်။Yusoff က ပြည်သူလူထုနှင့် အထူးသဖြင့် ဒေသခံများအား လျှပ်စစ်ခြံစည်းရိုးကိုမျက်ခြည်မပြတ်စေတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*