အစားအစာတွေ အများကြီးစားသောက်ပြီးလို့အီလည်လည်ဖြစ်နေရင် သက်သာစေမယ့် နည်းလမ်း များ

အစားအစာတွေ အများကြီးစားသောက်ပြီးလို့အီလည်လည်ဖြစ်နေရင် သက်သာစေမယ့် နည်းလမ်း များ

ပျော်ပွဲရွှင်ပွဲတွေမှာ ကျွန်တော်တို့ အားရပါးရစားသောက်လေ့ရှိကြတဲ့အတွက် စားသောက်ပြီးတဲ့ ပြည့်အင့်တဲ့ဒဏ်ကိုခံစားရပါတယ် ။ခန္ဓာကိုယ် ထဲကို အချိုတွေနဲ့ အငံဓါတ်တွေအများကြီးရောက်လာတဲ့အခါမှာ လူကနေမထိ ထိုင်မသာဖြစ်တတ်ပါတယ် ။ဒါပေမယ့် အခုလိုဖြစ်နေတဲ့ ပြဿနာကို ဖျော်ရည် ၃ မျိုးနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာရော သင်သိရဲ့လား ။

၁- သံပုရာရည်
သိပ်ကိုအစွမ်းထက်တဲ့ နည်းလမ်းဟောင်းတစ်ခုပါ ။သံပရာရည်ဟာ အစာချေစနစ်ကို တိုးတက်စေတဇဲ့အပြင် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ဗီတာမင်စီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီး အသည်းထဲက အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။
ဒါကြောင့် မနက်စောစောစီးစီး ဘာအစားအသောက်မှမစားခင် သံပရာသီးတစ်ခြမ်းလောက်ကို ရေနွေးနဲ့သောက်ပေးမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးအခြေအနေ အလွန်တိုးတက်လာနိုင်ပါတယ် ။

၂- သစ်သီးဖျော်ရည်
လိမ္မော်သီး ၊ စပျစ်သီး အစရှိတဲ့ အသီးဖျော်ရည်တွေ ၊ ဂေါ်ဖီထုတ် ၊ နံနံပင် စသည်တို့ကိုဖျော်ထားတဲ့ အသီးအရွက်ဖျော်ရည်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးနိုင်ပြီးတော့ အူလမ်းကြောင်းကိုလည်းသန့်ရှင်းစေနိုင်ပါတယ် ။
မနက်စောစော သစ်သီးဖျော်ရည်တစ်ခုခု သောက်သုံးပေးမယ်ဆိုရင် အစာကြေလွယ်ပြီး ဝမ်းမှန်စေပါလိမ့်မယ် ။

၃- လက်ဖက်ရည်

လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ထဲက အဆီတွေကိုလောင်ကျွမ်းစေနိုင်တဲ့အပြင် အသည်းမှအဆိပ်တွေနဲ့ ခန္ဓာကိုယ်ထဲမှပိုလျံနေတဲ့ရေတွေကိုလည်းဖယ်ထုတ်ပေးနိုင်ပါတယ် ။ရေနွေးကြမ်း ၊ ရေနွေးအဖြူနဲ့ ဆေးလက်ဖက်ရည်တို့ကိုသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပစ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*