
အင်္ဂတေဖျော်စက်ကိုပင် အဝတ်လျှော်စက်ဖြစ်အောင် အသုံးပြုခဲ့ကြသည့် အင်ဂျင်နီယားများကြောင့် လူအများမှ အလွန်သဘောကျနေသည့်အဖြစ်
လူတိုင်းသည် တစ်ခါတစ်ရံတွင် အလုပ်ကိစ္စတစ်ခုကို လုပ်ကိုင်နေရင်း ခက်ခဲသည့်အချိန်ကာလအနည်းငယ်ဖြင့် ရင်ဆိုင်ရနိုင်ပေသည်။ထိုအချိန်တွင် ဖြတ်ထိုးညဏ်သုံးပြီး အကောင်းဆုံးဖြေရှင်းနိုင်သူများကို မြင်တွေ့ရလျှင် အသိအမှတ်ပြုကာ လေးစားရမည်ဖြစ်ပေသည်။
ယခုတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြသော အမျိုးသားလူတစ်စုတို့ဟာ သူတို့၏ လုပ်ငန်းတွင် အသုံးပြုသော အင်္ဂတေဖျော်စက်ကြီးကို အသုံးချနေပုံဟာ လူအများကို အလွန်သဘောကျစေခဲ့ပါတယ်။သူတို့ဟာ စက်ကြီးကို သေချာစွာဆေးကြောပြီးနောက်တွင် အဝတ်လျှော်စက်အဖြစ်ပြောင်းလဲ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။
သူတို့၏ ပြုလုပ်နေသည့်ပုံရိပ်လေးဟာ လိုင်းပေါ်တွင် ချက်ချင်းပျံနှံသွားခဲ့ပြီး လူအများကလည်း စိတ်ဝင်စားကာ သဘောကျနေခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi
Leave a Reply