အင်တာနက်မှာ ဦးလေးဖတ်တီးလို့ အမည်ပြောင်ရထားတဲ့ မျောက်ဖတ်တီးကြီး

အစားအသောက် အလွန်သောင်းကျန်းလွန်းလို့ မျောက်ဖတ်တီးဘဝကို ရှားရှားပါးပါး ရောက်နေတဲ့ မျောက်တစ်ကောင်ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ အဲဒီမျောက်ကြီးကို Uncle Fatty လို့ ချစ်စနိုး အမည်ပြောင် ပေးထားပြီး၊ သူဟာ ဘယ်တော့မှ ဗိုက်ဝတယ်ရယ်လို့ မရှိပဲ၊ ခရီးသွားတွေ ပစ်ချပေးသမျှ အစားအသောက်တွေကို ဒိုင်ခံစားသောက်နေလေ့ရှိပါတယ်။

ဦးလေးဖတ်တီးမျောက်ကြီးဟာ ကျန်းမာရေးကြောင့်မဟုတ်ပဲ၊ အမှန်တကယ်ကို အစားအသောက် သောင်းကျန်းလို့သာ ဒီအခြေအနေကို ရောက်လာရတာဖြစ်တယ်လို့ တိရစ္ဆာန်ချစ်သူတွေက အတည်ပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ ဦလေးဖတ် တီးကို ဝိတ်ပြန်ကျစေဖို့ ရေကူးခြင်း၊ ပြေးခြင်းစတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ ၎င်းတို့အဖွဲ့က စီမံနေပါတယ်။

ဘန်ကောက်ရှိ တိရစ္ဆာန်ရုံမှာ ဦးလေးဖတ်တီးက နေထိုင်တာဖြစ်ပြီး၊ တိ/ရုံတာဝန်ရှိသူ  Kawinoat MongKholtechaphat က ” သူက ဝမှာပေါ့ဗျာ .. လူတွေ ပစ်ပေးသမျှ အစားအစာတွေကို သူချည်းပဲ ဒိုင်ခံစားနေတာလေ “လို့ ပြောခဲ့ပါတယ်။

Kawinoat က ” သူ့ကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီးပါပြီ … သူက ကျန်းမာရေးမကောင်းလို့ ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး .. အစားအစာတွေ စားလွန်းလိုပ ဖြစ်လာတာပါ … သူက မျောက်ထဲမှာတော့ ဗိုလ်ပေါ့ဗျာ .. နောက် သင်စရာရှိတာတွေကိုလည်း သူက မျောက်တွေကို သင်ပေးပါတယ် … “လို့ ပြောခဲ့ပါတယ်။

 

ဦလေးဖတ်တီးဟာ National Parks, Wildlife and Plant Conservation မှာ ယခင်က နေထိုင်ခဲ့ပြီး၊ အခုအခါ ကျန်မားရေးတွေ ထပ်မံစစ်ဆေးဖို့အတွက် မိုင် 100 အဝေးက Nakhon Nayok wildlife Rescue Centre ဆီကို ခေတ္တပို့ထားတယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*