အင်တာနက်ပေါ်မှာ နုပျိုတဲ့ပုံပန်းကြောင့် ကျော်ကြားမှုရရှိလာခဲ့တဲ့ အသက် ၅၀ အရွယ် Modern အမျိုးသားတစ်ဦး

Singapore နိုင်ငံက Chuando Tan လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ အသက်ကြီးလာသည်နှင့် အမျှ သူ့ရဲ့ရုပ်ရည်ဟာ ပိုပိုပြီးနုပျိုလာကြောင်း Netizen တွေက ပြောဆိုနေကြပါတယ်။ အသက် ၅၀ ကျော်မှာ နာမည်ကောင်းရရှိခဲ့တဲ့ Chuando Tan အမျိုးသားတစ်ဦးဟာ သူ့ရဲ့ရုပ်ရည်ပုံသဏ်ဠာန်က အသက် ၂၀ အရွယ်လို့ လူငယ်တစ်ဦးလို့တေညင် ထင်မြင်မိပါတယ်။

ထင်ရှားတဲ့ တရုတ် website မှာ သူ့ရဲ့ ဓာတ်ပုံအချို့ကို တွေ့ရှိပြီးနောက် သူရဲ့ အသက်အရွယ် နဲ့ ပတ်သက်ပြီး သံသယရှိခဲ့ပါတယ်။ သို့သော် အွန်လိုင်းသတင်းရင်းမြစ် အတော်များများက ထိုသူနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ The Straits Times အပါအဝင် သူရဲ့အသက် ဟာ ၅၀ ကျော်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Chaundo ဟာ အရင်နှစ်တွေမှာလည်း စင်္ကာပူနိုင်ငံမှာ အကျော်ကြားဆုံးအမျိုးသားမော်ဒယ်လ်များထဲမှ တစ်ဦးအပါအဝင် ဖြစ်လာခဲ့ပါတယ်။

၎င်းအမျိုးသားဟာ ဖက်ရှင် နဲ့ ဓာတ်ပုံပညာကို စိတ်ဝင်စားခဲ့ပါတယ်။ Mandarin pop အဆိုတော်တစ်ဦးရဲ့ အသက်မွေးဝမ်းကျောင်း အတွေ့အကြုံတွေ ခက်ခဲအကြောင်းတွေကို တွေ့ရှိပြီးနောက် Chuando Tan ဟာ အောင်မြင်မှုရရှိလာခဲ့ပါတယ်။နောက်ပြီး ၎င်းအမျိုးသားရဲ့ အကြောင်းအနည်းငယ်ကိုသိရပြီဆိုတော့ သူ့ရဲ့မယုံနိုင်လောက်အောင် နုပျိုတဲ့အသွင်အပြင်ကို ဘယ်လို ပုံစံမျိုး နဲ့ ထိန်းသိမ်းလာတဲ့အကြောင်းကိုလည်း လေ့လာကြည့်ကြရအောင်။

မျိုးရိုးဗီဇဟာ ကြီးမားတဲ့အခန်းကဏ်ဠပိုင်းမှပါဝင်ပေမဲ့လည်း Chuando က သူ့ရဲ့ ကိုယ်ခန္ဓာကို ဗိမာန်တော်အဖြစ် အမြဲသတ်မှတ်ခဲ့ပြီး သူရဲ့ကြံ့ခိုင်မှု နဲ့ ပုံပန်းသဏ္ဏာန်ကို ထိန်းသိမ်းရန် အလေ့အကျင့်များ အားထားပြုလုပ်ခဲ့ပါတယ်။ ၎င်းအမျိုးသားဟာ နေ့စဉ်နေ့တိုင်း ဟိုင်နန်ကြက်ကို အမြဲစားပြီး ကြက်သားရဲ့ရင်ဘက် အသားကိုသာ စားသုံးရမယ် လို့လည်း ပြောကြားခဲ့ပါတယ်။ သူဟာ အားကစားရုံကို တစ်ပတ်မှာ အနည်းဆုံးလေးကြိမ် လေ့ကျင့်ခဲ့ပါတယ်။ ဒါ‌ကြောင့်လည်း နောက်ဆုံးမှာ သူရဲ့ရုပ်ပုံဟာ အသက် ၂၀ ကျော် လူငယ်တစ်ဦးထက် ပိုပြီး ကြည့်ကောင်းလာခဲ့ပါတယ်။

ဒါ့ကြောင့် Agelessness ဗီဇဟာ အမျိုးသမီးများအတွက်သာ လို့ ထင်ခဲ့ပေမဲ့လည်း အသက် ၅၀ အရွယ် Chuando Tan ဟာ ငါတို့ ယောက်ျားတွေ အတွက်လည်း မျှော်လင့်ချက်ရှိကြောင်း သက်သေပြခဲ့ပါတယ်။

Zawgyi






 

Be the first to comment

Leave a Reply

Your email address will not be published.


*