
အခြားသူများမှာ စမတ်ဖုန်းများသုံးနေသော်လည်း သမီးလေး၏ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ခလုတ်ဖုန်းလေးကိုသာ အသုံးပြုပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် မှတ်တမ်းတင်နေခဲ့ရသည့်ဖခင်လူသားအချို့တို့တွင် ရှက်ရွံခြင်း သိမ်ငယ်ခြင်းဟူသော စိတ်များဖြစ်ပေါ်နေတတ်ပါတယ်။
သို့သော်လည်း ထိုလူများသည် သားသမီးများရှိလာသည့်အခါ အရာအားလုံးပျောက်ကွယ်သွားပြီး သူရဲကောင်းတစ်ဦးလိုပြောင်းလဲသွားတတ်ပါတယ်။မိဘတို့၏ သားသမီးတွင်ထားရှိသော မေတ္တာသည်ကား အလွန်ပင်ကြီးမားကျယ်ပြန့်လှပေသည်။
ယခုတွင်လည်း ဖခင်တစ်ဦးသည် စာသင်ကျောင်းတွင်ပြုလုပ်သော စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် သမီးဖြစ်သူဟာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသည့်အတွက် ကျောင်းသိုသွားရောက်ခဲ့ပါတယ်။ကျောင်းတွင်အခြားမိဘများဟာ စမတ်ဖုန်းများဖြင့် ဗီဒီယိုမှတ်တမ်းများယူနေကြသော်လည်း ထိုဖခင်တစ်ဦးဟာ ခလုတ်ဖုန်းလေးဖြင့်သာ မှတ်တမ်းတင်နေခဲ့ပါတယ်။
ထိုဖခင်ဟာ သမီးလေးအတွက် ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်နေခဲ့ပြီး ခလုတ်ဖုန်းဟူ၍ စိတ်ပျက်အားငယ်ခြင်းမရှိခဲ့ပါဘူး။ထိုသည်ကား မိဘတို့၏ သားသမီးအပေါ်ထားသော မေတ္တာတစ်ပင်ဖြစ်ပေသည်။
Leave a Reply