အခြားမြို့သို့ ပြောင်းတော့မည်ဆိုသဖြင့် ခွေးကလေးကို ပိုင်ရှင်အသစ်ထံပေးလိုက်သောအခါ ဝမ်းနည်းမျက်ရည်များနှင့် သခင်ဖြစ်သူကို နှုတ်ဆက်နေခဲ့သည့် ခွေးကလေး

အခြားမြို့သို့ ပြောင်းတော့မည်ဆိုသဖြင့် ခွေးကလေးကို ပိုင်ရှင်အသစ်ထံပေးလိုက်သောအခါ ဝမ်းနည်းမျက်ရည်များနှင့် သခင်ဖြစ်သူကို နှုတ်ဆက်နေခဲ့သည့် ခွေးကလေး

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး မြို့တစ်ခုတွင် အလုပ်လုပ်နေချိန်တွင် လုပ်ငန်းခွင်ထဲ လျှောက်သွားနေသော ခွေးကလေးတစ်ကောင်ကို တွေ့ခဲ့ရသဖြင့် မွေးသားထားခဲ့ပါတယ်။လုပ်ငန်းခွင်ဟာလည်း ၁နှစ်ခွဲခန့်ကြာပြီးနောက်တွင် အလုပ်များ ပြီးစီးသွားခဲ့ပါတယ်။

ထိုအချိန်တွင် အခြားမြို့တစ်ခုသို့ လုပ်ငန်းခွင်ရွေ့ပြောင်းရမည်ဟု သိလိုက်ရသောအခါ ခွေးကလေးကို သင့်တော်မည့်လူတစ်ဦးထံပေးအပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပိုင်ရှင်အသစ်များက လာခေါ်သောအလာတွင် ခွေးကလေးဟာ သူကိုလာခေါ်မှသိနေခဲ့ပြီး သခင်ဖြစ်သူကို ဝမ်းနည်းမျက်ရည်များဖြင့် ကြည့်နေခဲ့တော့တာဖြစ်ပါတယ်။

ခွေးကလေး၏အကြည့်ကြောင့် အမျိုးသားဟာလည်း ဝမ်းနည်းကာ မျက်ရည်များကျလာခဲ့ပြီး ပိုင်ရှင်အသစ်ထံ ထည့်ပေးလိုက်ရပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*