
အခြားခွေးနဲ့မတူဘဲ နောက်ကျောပလက်လှန်ဘဲအိပ်တတ်တဲ့ ခွေးလေး
ခွေးလေးတွေတိုင်းက ချစ်ဖို့ကောင်းတဲ့တိရိစ္ဆာန်လေးတွေပါ။သို့ပေမဲ့ ခွေးလေးတစ်ကောင်ကတော့ သူ့ရဲ့ထူးဆန်းတဲ့အိပ်စက်ခြင်းအနေအထားကြောင့် social media မှာ လူချစ်လူခင်များနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံက Paningning လို့ခေါ်တဲ့ခွေးမလေးကတော့ လောကကြီးကို စိတ်ကုန်ပြီး စိတ်ပျက်လက်ပျက်အိပ်နေတဲ့ပုံနဲ့တူနေတဲ့သူ့ရဲ့နောက်ကျောပလက်အိပ်နည်းပုံစံကြောင့် လူအများက ချစ်နေရတာကလည်း အဆန်းမဟုတ်နေပါဘူး။
ပိုင်ရှင်ဖြစ်တဲ့ Janess Cua က ပထမဆုံး Paningning လေးရဲ့အိပ်ပုံအိပ်နည်းပုံစံကို facebook ပေါ်တင်ခဲ့ပြီးနောက်မှာ လူအများက သဘောကျမဆုံးဖြစ်ခဲ့ရတာကြောင့် သူမက နောက်ပိုင်း Paningningလေးအတွက် ကိုယ်ပိုင် Instagram acc ဖွင့်ပေးလိုက်တော့ အခုဆို ပရိသတ်အခိုင်အမာရရှိထားပါပြီ။
Cua ရဲ့အဆိုအရ Paningning လေးက ပလက်အိပ်တာကလွှဲရင် အခြားနည်းနဲ့မအိပ်တတ်ပါဘူး။အစပိုင်းက Paningning ကို ဖိလစ်ပိုင်လို တောက်ပခြင်းအဓိပ္ပာယ်ရတဲ့ Maningning လို့အမည်ပေးခဲ့ပေမဲ့ သမီးဖြစ်သူက P နဲ့ဘဲခေါ်နေလို့ Paningning လို့အမည်ထွင်သွားခဲ့ပါတယ်။
Paningning လေးက အခြားခွေးတွေလို စားရတာနဲ့အိပ်ရတာကို အရမ်းကြိုက်ပါတယ်။အကယ်လို့ သင်က ဒီခွေးလေးရဲ့အကြောင်းကို အမြဲထောင့်ထောက်သိနေချင်ရင်တော့ Paningning လေးကို Instagram နဲ့ Facebook တွေမှာ သွား follow လုပ်ထားလို့ရပါတယ်။
#7
#8
#9
#10
#11
#12
#13
Leave a Reply