အချုပ်ထဲရောက်နေတဲ့ဖခင်ကို ပွေ့ဖက်ခွင့်ရဖို့ အသနားခံတောင်းဆိုနေတဲ့ ကလေးမလေးအား ခွင့်ပြုပေးခဲ့ကြတဲ့ ကိုယ်ချင်းစာတရားရှိတဲ့ ရဲအရာရှိများ

အချုပ်ထဲရောက်နေတဲ့ဖခင်ကို ပွေ့ဖက်ခွင့်ရဖို့ အသနားခံတောင်းဆိုနေတဲ့ ကလေးမလေးအား ခွင့်ပြုပေးခဲ့ကြတဲ့ ကိုယ်ချင်းစာတရားရှိတဲ့ ရဲအရာရှိများ

Flavio Ang Panday လို့အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျှဝေပေးခဲ့တဲ့ ငယ်ရွယ်သေးတဲ့ကလေးမလေးက သူမရဲ့ဖခင်အား ပွေ့ဖက်ခွင့်ကို တောင်းဆိုနေခဲ့တဲ့ ပုံရိပ်များဟာ အင်တာနက်အသုံးပြုသူ အများအပြားရဲ့ နှလုံးသားကို ထိပါးသွားစေခဲ့ပါတယ်။ Flavio က သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ၎င်းကလေးမလေးရဲ့ ရိုးရှင်းတဲ့တောင်းဆိုမှုလေးအကြောင်းကို မျှဝေပေးခဲ့တာဘဲဖြစ်ပါတယ်။

အကြောင်းက အချုပ်ထဲရောက်နေတဲ့ဖခင်ကို လာတွေ့တော့ ” ဆရာ သမီး အဖေ့ကို ခဏဖက်လို့ရမလား??? အဖေ့ကို အရမ်းလွမ်းနေလို့ပါ၊ အဖေ့ကို အခုပဲ လွှတ်ပေးလိုက်လို့မရဘူးလား ????? ” လို့ ကလေးမလေးက ရဲအရာရှိတဟ်ဦးကို တောင်းဆိုမေးမြန်းနေခဲ့ပါတယ်။

ထို့ပြင် သူမဟာ ရဲအရာရှိအား သူမရဲ့ဖခင်ကို လွတ်လွတ်လပ်လပ် နေခွင့်ပေးစေလိုကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ သို့ပေမယ့် အဲ့တာက မဖြစ်နိုင်သလို ၎င်းကို တာဝန်ရှိတဲ့သူတွေကပဲ ဆုံးဖြတ်နိုင်တယ်လို့ ရဲအရာရှိက ပြန်ဖြေကြားခဲ့ပါတယ်။ထို့နောက် ကလေးမလေးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲများ၏ ရှင်းပြချက်ကို နားလည်ပုံပေါက်ပေမဲ့လည်း ဖခင်ဖြစ်သူကို ပွေ့ဖက်ရန် တောင်းဆိုမှုကို လက်ခံပေးလိုက်တဲ့အခါမှာ သူမဟာ အလွန် ပျော်ရွှင်နေခဲ့ပါသေးတယ်။

ထို့နောက် ကလေးမလေးက သူမရဲ့ဖခင်ကို ပွေ့ဖက်ပြီး နှုတ်ဆက်တဲ့အချိန်မှာ ရဲအရာရှိများကို မျက်နှာပေါ်မှာ ရွှင်လန်းတဲ့အပြုံးလေးနဲ့ ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။ထို့ကြောင့် အင်တာနက်သုံးစွဲသူအပြားအများက ကလေးမလေးအား ခွင့်ပြုပေးခဲ့တဲ့၎င်းရဲအရာရှိများကို ကျေးဇူးခဲ့ကြပြီး ၎င်းပုံရိပ်တွေကို ပြန်လည်မျှဝေပေးခဲ့တဲ့ Flavio ကိုလည်း ကျေးဇူးတင်နေခဲ့ကြပါတယ်။

ထို့ပြင် လူအတော်တော်များများက ကိုယ်ချင်းစာတရားရှိတဲ့ရဲတွေက တချို့သော ကျား၊ မတွေအတွက် ၎င်းတို့ပုံရိပ်က မကောင်းပေမယ့်လည်း ကောင်းမွန်စွာနေထိုင်ရန် ရွေးချယ်ပြီး နိုင်ငံသားအားလုံးအပေါ် တူညီတဲ့အမြင်ရှိသူများ များစွာရှိနေသေးကြောင်း သက်သေပြနေတဲ့အချက်ကို သဘောတူခဲ့ကြပါတယ်။

Zawgyi

အခ်ဳပ္ထဲေရာက္ေနတဲ့ဖခင္ကို ေပြ႕ဖက္ခြင့္ရဖို႔ အသနားခံေတာင္းဆိုေနတဲ့ ကေလးမေလးအား ခြင့္ျပဳေပးခဲ့ၾကတဲ့ ကိုယ္ခ်င္းစာတရားရွိတဲ့ ရဲအရာရွိမ်ား


Flavio Ang Panday လို႔အမည္ေပးထားတဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္မွာ မွ်ေဝေပးခဲ့တဲ့ ငယ္႐ြယ္ေသးတဲ့ကေလးမေလးက သူမရဲ႕ဖခင္အား ေပြ႕ဖက္ခြင့္ကို ေတာင္းဆိုေနခဲ့တဲ့ ပုံရိပ္မ်ားဟာ အင္တာနက္အသုံးျပဳသူ အမ်ားအျပားရဲ႕ ႏွလုံးသားကို ထိပါးသြားေစခဲ့ပါတယ္။ Flavio က သူ႔ရဲ႕လူမႈကြန္ယက္အေကာင့္မွာ ၎ကေလးမေလးရဲ႕ ႐ိုးရွင္းတဲ့ေတာင္းဆိုမႈေလးအေၾကာင္းကို မွ်ေဝေပးခဲ့တာဘဲျဖစ္ပါတယ္။

အေၾကာင္းက အခ်ဳပ္ထဲေရာက္ေနတဲ့ဖခင္ကို လာေတြ႕ေတာ့ ” ဆရာ သမီး အေဖ့ကို ခဏဖက္လို႔ရမလား??? အေဖ့ကို အရမ္းလြမ္းေနလို႔ပါ၊ အေဖ့ကို အခုပဲ လႊတ္ေပးလိုက္လို႔မရဘူးလား ????? ” လို႔ ကေလးမေလးက ရဲအရာရွိတဟ္ဦးကို ေတာင္းဆိုေမးျမန္းေနခဲ့ပါတယ္။

ထို႔ျပင္ သူမဟာ ရဲအရာရွိအား သူမရဲ႕ဖခင္ကို လြတ္လြတ္လပ္လပ္ ေနခြင့္ေပးေစလိုေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။ သို႔ေပမယ့္ အဲ့တာက မျဖစ္ႏိုင္သလို ၎ကို တာဝန္ရွိတဲ့သူေတြကပဲ ဆုံးျဖတ္ႏိုင္တယ္လို႔ ရဲအရာရွိက ျပန္ေျဖၾကားခဲ့ပါတယ္။ထို႔ေနာက္ ကေလးမေလးက အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ရဲမ်ား၏ ရွင္းျပခ်က္ကို နားလည္ပုံေပါက္ေပမဲ့လည္း ဖခင္ျဖစ္သူကို ေပြ႕ဖက္ရန္ ေတာင္းဆိုမႈကို လက္ခံေပးလိုက္တဲ့အခါမွာ သူမဟာ အလြန္ ေပ်ာ္႐ႊင္ေနခဲ့ပါေသးတယ္။

ထို႔ေနာက္ ကေလးမေလးက သူမရဲ႕ဖခင္ကို ေပြ႕ဖက္ၿပီး ႏႈတ္ဆက္တဲ့အခ်ိန္မွာ ရဲအရာရွိမ်ားကို မ်က္ႏွာေပၚမွာ ႐ႊင္လန္းတဲ့အၿပဳံးေလးနဲ႔ ေက်းဇူးတင္ေၾကာင္း ျပသခဲ့ပါတယ္။ထို႔ေၾကာင့္ အင္တာနက္သုံးစြဲသူအျပားအမ်ားက ကေလးမေလးအား ခြင့္ျပဳေပးခဲ့တဲ့၎ရဲအရာရွိမ်ားကို ေက်းဇူးခဲ့ၾကၿပီး ၎ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးခဲ့တဲ့ Flavio ကိုလည္း ေက်းဇူးတင္ေနခဲ့ၾကပါတယ္။

ထို႔ျပင္ လူအေတာ္ေတာ္မ်ားမ်ားက ကိုယ္ခ်င္းစာတရားရွိတဲ့ရဲေတြက တခ်ိဳ႕ေသာ က်ား၊ မေတြအတြက္ ၎တို႔ပုံရိပ္က မေကာင္းေပမယ့္လည္း ေကာင္းမြန္စြာေနထိုင္ရန္ ေ႐ြးခ်ယ္ၿပီး ႏိုင္ငံသားအားလုံးအေပၚ တူညီတဲ့အျမင္ရွိသူမ်ား မ်ားစြာရွိေနေသးေၾကာင္း သက္ေသျပေနတဲ့အခ်က္ကို သေဘာတူခဲ့ၾကပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*