
အချိန်၄ နာရီသာလိုအပ်တဲ့ ဝါးအိမ်ကို ဆင်းရဲတဲ့သူတွေအတွက် အဆင်ပြေစေရန် ဖန်တီးတည်ဆောက်ခဲ့တဲ့ ၂၃ နှစ်အရွယ် အမျိုးသား
ဖိလစ်ပိုင်နိုင်ငံရှိ Earl Patrick Forlales လို့ခေါ်တဲ့ အမျိုးသားက အသက် (၂၃) နှစ်သာရှိသေးသော်လည်း သူဟာ ဆင်းရဲသားများအတွက် အိမ်ရာပြဿနာကို သူ့ရဲ့ဖန်တီးမှုရဲ့ ဖြေရှင်းချက်ကြောင့် တိုင်းပြည်မှာ တခါမှမမြင်ဖူးတဲ့ တောက်ပတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ် ။
Ateneo de Manila တက္ကသိုလ်မှ ဓာတုဗေဒနဲ့ပစ္စည်းဆိုင်ရာသိပ္ပံဘွဲ့ရ Forlales ဟာ Cubo လို့ခေါ်တဲ့ တန်ဖိုးနည်း မော်ဂျူလာအိုးအိမ်ကို တည်ဆောက်ခဲ့ပါတယ် ။ သူဟာဝါးကို အဓိကပစ္စည်းအဖြစ် အသုံးပြုတာကြောင့် ထိုအိမ်ရာက ဖိလစ်ပိုင်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်လာခဲ့ပါတယ် ။“Cubo အိမ်က ၃ မီတာ ၄မီတာလောက်ရှိတဲ့ စတူဒီယိုတစ်ခုဖြစ်ပြီး နေထိုင်သူနှစ်ဦးအတွက် ရည်ရွယ်ပါတယ်” လို့ Forlales က Town and Country က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ် ။
“ထိုအိမ်ရာကို တပ်ဆင်ဆောက်လုပ်ဖို့ ၄နာရီသာကြာပြီး ၁စတုရန်းမီတာဆိုရင် P4,200 (အမေရိကန်ဒေါ်လာ ၈၀) လောက်သာကုန်ကျမှာပါ” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ် ။ ဝါးပစ္စည်းတွေက ပျမ်းမျှသက်တမ်း ၃ နှစ်မှ ၄ နှစ်အထိ ၁၀ ဆပိုကြာရှည်စွာခံနိုင်ရည်ရှိအောင် သူက သေချာစွာပြုလုပ်ထားပါတယ် ။ သူ့ရဲ့ တောက်ပတဲ့အတွေးအခေါ်ဟာ United Kingdom ရှိ မြို့တွေရဲ့ အနာဂတ်အတွက် ယှဉ်ပြိုင်မှုမှာ သူဟာ ပေါင် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၅,၃၃၆) အနိုင်ရရှိခဲ့ပါတယ် ။
Zawgyi
အခ်ိန္၄ နာရီသာလိုအပ္တဲ့ ဝါးအိမ္ကို ဆင္းရဲတဲ့သူေတြအတြက္ အဆင္ေျပေစရန္ ဖန္တီးတည္ေဆာက္ခဲ့တဲ့ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသား
ဖိလစ္ပိုင္ႏိုင္ငံရွိ Earl Patrick Forlales လို႔ေခၚတဲ့ အမ်ိဳးသားက အသက္ (၂၃) ႏွစ္သာရွိေသးေသာ္လည္း သူဟာ ဆင္းရဲသားမ်ားအတြက္ အိမ္ရာျပႆနာကို သူ႔ရဲ႕ဖန္တီးမႈရဲ႕ ေျဖရွင္းခ်က္ေၾကာင့္ တိုင္းျပည္မွာ တခါမွမျမင္ဖူးတဲ့ ေတာက္ပတဲ့အရာတစ္ခုျဖစ္လာခဲ့ပါတယ္ ။
Ateneo de Manila တကၠသိုလ္မွ ဓာတုေဗဒနဲ႔ပစၥည္းဆိုင္ရာသိပၸံဘြဲ႕ရ Forlales ဟာ Cubo လို႔ေခၚတဲ့ တန္ဖိုးနည္း ေမာ္ဂ်ဴလာအိုးအိမ္ကို တည္ေဆာက္ခဲ့ပါတယ္ ။ သူဟာဝါးကို အဓိကပစၥည္းအျဖစ္ အသုံးျပဳတာေၾကာင့္ ထိုအိမ္ရာက ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ဆင္းရဲႏြမ္းပါးတဲ့လူ႔အဖြဲ႕အစည္းအတြက္ အေကာင္းဆုံး ေျဖရွင္းခ်က္ျဖစ္လာခဲ့ပါတယ္ ။“Cubo အိမ္က ၃ မီတာ ၄မီတာေလာက္ရွိတဲ့ စတူဒီယိုတစ္ခုျဖစ္ၿပီး ေနထိုင္သူႏွစ္ဦးအတြက္ ရည္႐ြယ္ပါတယ္” လို႔ Forlales က Town and Country က သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္ ။
“ထိုအိမ္ရာကို တပ္ဆင္ေဆာက္လုပ္ဖို႔ ၄နာရီသာၾကာၿပီး ၁စတုရန္းမီတာဆိုရင္ P4,200 (အေမရိကန္ေဒၚလာ ၈၀) ေလာက္သာကုန္က်မွာပါ” လို႔ သူက ထပ္မံေျပာၾကားခဲ့ပါတယ္ ။ ဝါးပစၥည္းေတြက ပ်မ္းမွ်သက္တမ္း ၃ ႏွစ္မွ ၄ ႏွစ္အထိ ၁၀ ဆပိုၾကာရွည္စြာခံႏိုင္ရည္ရွိေအာင္ သူက ေသခ်ာစြာျပဳလုပ္ထားပါတယ္ ။ သူ႔ရဲ႕ ေတာက္ပတဲ့အေတြးအေခၚဟာ United Kingdom ရွိ ၿမိဳ႕ေတြရဲ႕ အနာဂတ္အတြက္ ယွဥ္ၿပိဳင္မႈမွာ သူဟာ ေပါင္ ၅၀,၀၀၀ (အေမရိကန္ေဒၚလာ ၆၅,၃၃၆) အႏိုင္ရရွိခဲ့ပါတယ္ ။
Leave a Reply