အချိန်မပေးနိုင်လို့ ဇနီးသည်ရဲ့ပိုက်ဆံအိတ်ထဲကိုသာ ပိုက်ဆံအများကြီးထည့်ပေးထားလေ့ရှိတဲ့ အမျိုးသား
ကိုယ့်ရဲ့ချစ်သူ ၊ ဇနီးသည်တွေကို ချစ်ကြောင်းပြဖို့ဆိုရင် လက်ဆောင်တွေ ၊ ပန်းစည်းတွေဝယ်ပြီး အချို့သောယောင်္ကျားတွေက မိန်းကလေးစိတ်တိုင်ကျအောင် အချိန်ပေးပြီး ပြင်ဆင်ပေးလေ့ရှိပါတယ် ။သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံကအမျိုးသားကတော့ သူအဆင်ပြေသလို ချစ်ဇနီးလေး ပျော်ရွှင်ရအောင် ချစ်ခြင်းမေတ္တာကို ဖော်ပြလေ့ရှိပါတယ် ။ အဲတာကတော့ ဇနီးသည်ရဲ့ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံအပြည့်ဖြည့်ထည့်ထားပေးတာပါပဲ ။
ဇနီးဖြစ်သူက သူမရဲ့ပိုက်ဆံအိတ်ကိုဖွင့်ကြည့်ခဲ့ချိန်မှာတော့ ငွေအပြည့်နဲ့ဖြစ်နေခဲ့တာမို့ ခင်ပွန်းဖြစ်သူက သူထည့်ထားပေးခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ ဇနီးဖြစ်သူကတော့ ယောကျာၤးက သူ့ရဲ့ကတ်ကိုမပေးသုံးချင်လို့ ပိုက်ဆံတွေပဲ ထည့်ပေးထားတာပါဆိုပြီး စနောက်ကာ social media ပေါ်ဝေမျှခဲ့ပါတယ် ။ မိန်းကလေးအတော်များများအတွက် အကောင်းဆုံးလက်ဆောင်က ပိုက်ဆံဆိုတာ မုချပါပဲလေ ။
Zawgyi
Leave a Reply