အချစ်ဆုံးသူငယ်ချင်းနှင့် သွားတွေ့တိုင်း သားဖြစ်သူကို ခေါ်သွားရာမှ ကိုယ့်သူငယ်ချင်းကို ချွေးမပြန်တော်လိုက်ရသည့်အဖြစ်

အချစ်ဆုံးသူငယ်ချင်းနှင့် သွားတွေ့တိုင်း သားဖြစ်သူကို ခေါ်သွားရာမှ ကိုယ့်သူငယ်ချင်းကို ချွေးမပြန်တော်လိုက်ရသည့်အဖြစ်

လောကကြီးတွင် အရမ်းခင်မင်ခဲ့သော သူငယ်ချင်းများမှ အိမ်ထောင်ကျသွားသည့်အခါ မိန်းကလေးသူငယ်ချင်းဖြစ်ပါက” သားလေးမွေးရင် ယောက္ခမတော်မယ်” ဆိုပြီး စနောက်ပြောဆိုတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်တွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် ကောင်လေးသည် မိခင်ဖြစ်သူဧ။် အချစ်ဆုံးနှင့်အကောင်းဆုံး သူငယ်ချင်းဖြစ်သော အသက် ၄၁နှစ်အရွယ် အန်တီကြီးနှင့် လက်ထပ်ခဲ့သည်။အမျိုးသမီးသည် အိမ်ထောင်ကျပြီး ကလေး၃ယောက်ရှိခဲ့စဉ် ကံမကောင်းစွာဖြင့် ခင်ပွန်းဖြစ်သူနှင့် အခန့်မသင့်ပဲ စကားများရန်ဖြစ်ကြရာ ကွာရှင်းပြတ်စဲသည်ထိ ဖြစ်ခဲ့ကြသည်။

ထို့နောက် ကလေး၃ကိုလည်း ခင်ပွန်းဖြစ်သူမှ ခေါ်သွား၍ အမျိုးသမီးမှာ ကြင်ဖော်မဲ့ တစ်ယောက်တည်း အထီးကျန်ကာ မိသားစုပြိုကွဲမှုကြောင့် အချိန်တော်ကြာ စိတ်ထိခိုက်ခံစားခဲ့ရသည်။ထိုစိတ်ကြောင့်ပဲ နေမကောင်းခဏခဏဖြစ်ခဲ့၍ သူငယ်ချင်းကို ခေါ်ပြီး ဆေးရုံသို့သွားပြရာ သားဖြစ်သူလည်း အမြဲလိုက်ပါခဲ့၍ မြင်ပါများပြီး သံယောဇဉ်ဖြစ်ကာ ချစ်သွားကြစဉ် ကောင်လေးဧ။်အမေမှလည်း သဘောတူခဲ့သည်။

အမျိုးသမီးသည် အသက် ၄၁နှစ်ရှိပြီဖြစ်သော်လည်း ၂၀ကျော်မိန်းကလေးများနှင့် တစ်ရွယ်တည်းနီးပါး လှပနုပျိုနေဆဲဖြစ်ပြီး လေ့ကျင့်ခန်းများပုံမှန်လုပ်ကာ ခင်ပွန်းသစ်လေးကိုလည်း အားကစားလုပ်ရန် တိုက်တွန်းလေ့ရှိသည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*