
အချစ်စမ်းဖို့ အချင်းချင်းလက်ထိပ်ခတ်ထားခဲ့ကြပြီးနောက် ၁၂၃ ရက်အကြာမှာဘဲ လမ်းခွဲလိုက်ကြတဲ့ ချစ်သူစုံတွဲ
ယူကရိန်းအရှေ့ပိုင်း၊ Kharkiv မြို့မှစုံတွဲတစ်တွဲဖြစ်တဲ့ Alexandr Kudlay နှင့် Viktoria Pustovitova တို့ဟာ ပြီးခဲ့တဲ့ Valentine’s Day နေ့တွင် ၎င်းတို့ရဲ့အပြန်အလှန် relationship ကို ထိန်းသိမ်းနိုင်ရန်အတွက် ၎င်းတို့ရဲ့လက်များကိုအတူလက်ထိပ်ခတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၎င်းတို့စုံတွဲဟာ ၎င်းတို့နှစ်ယောက်ရဲ့အတွေ့အကြုံတွေကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ကြပါတယ်။ ၎င်းတို့ဟာ ကုန်စုံဝယ်တာအစ ဆေးလိပ်ဖြတ်တာနှင့်ရေချိုးတာတို့အဆုံးအားလုံးကို အတူတကွလုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော် ဇွန်လ ၁၈ ရက်နေ့တွင် ရက်ပေါင်း ၁၂၃ ရက်အပြီးမှာ ၎င်းအစီအစဉ်ကိုဆက်မလုပ်တော့ဘဲ လွတ်လပ်သွားအောင် ၎င်းတို့ရဲ့လက်ထိပ်ခတ်ခြင်းကိုဖြတ်ဖို့ အချင်းချင်း သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
၎င်းတို့စုံတွဲက ၎င်းဟာ နှစ်ယောက်စလုံးကိုစိတ်မသက်မသာဖြစ်စေသလို ၎င်းတို့ကအတူရှိမနေသင့်တာကို သတိပြုမိစေကြောင်း ပြောကြားခဲ့ပါတယ်။ လက်ထိတ်ခတ်တဲ့စိတ်ကူးကိုဆန့်ကျင်ခဲ့တဲ့ ချစ်သူကောင်မလေး Pustovitova ဟာ ၎င်းတို့နှစ်ဦးရဲ့လမ်းခွဲခြင်းအကြောင်းကို ပြောပြရင်း “ အဲဒါက ငါ့အတွက်စိတ်ဝင်စားစရာအတွေ့အကြုံတစ်ခုဖြစ်လိမ့်မယ်လို့ ငါတွေးခဲ့တယ်၊ အဲဒါက ငါအရင်မကြုံခဲ့ဖူးတဲ့အတွေ့အကြုံသစ်တွေကိုဖန်တီးပေးလိမ့်မယ်လို့လည်း ထင်ထားခဲ့တာ ” ဟုဆိုကာ မျက်ရည်ကျနေခဲ့ပါတယ်။
Pustovitova က သူမချစ်သူနှင့်လက်ထိပ်ခတ်ခြင်းဖြစ်စဉ်တွင် သူမအလိုအပ်ဆုံးအရာမှာ private space ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။ သူမတို့နှစ်ဦးက လက်ထိပ်ခတ်ပြီးတပူးတတွဲရှိနေခဲ့သော်လည်း Kudlay က သူမကိုလုံလောက်တဲ့အာရုံစိုက်မှုမပေးခဲ့ဘူးလို့ ခံစားရကြောင်း ဆိုခဲ့ပါတယ်။
လက်ထိပ်ကိုဖြတ်လိုက်တဲ့အချိန်မှာ Pustovitova ဟာ သက်ပြင်းချခဲ့ပြီး Kudlay ကလည်း ၎င်းတို့ရဲ့ relationship ကိုထိန်းသိမ်းရန် ဤအပူတပြင်းလုပ်ဆောင်မှုအတွက် နောင်တမရခဲ့ကြောင်း၊ လက်ထိတ်ခတ်ခြင်းက ၎င်းတို့နှစ်ဦးအား အတူရှိမနေသင့်တာကို သဘောပေါက်နားလည်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ၎င်းတို့စုံတွဲဟာ ပရဟိတအတွက်ငွေစုဖို့ လက်ထိပ်တွေကို onlineပေါ်လေလံတင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ထိုနောက် ၎င်းတို့ဟာ မီဒီယာများနှင့် ကမ္ဘာပေါ်ရှိအခြားမည်သည့်စုံတွဲမဆို ၎င်းတို့ကဲ့သို့က်ပေါင်းကြာရှည်တဲ့အောင်မြင်မှုမျိုးမရှိခဲ့ကြောင်းပြောကြားခဲ့တဲ့ ယူကရိန်းစံချိန်တင်အဖွဲ့အစည်းတစ်ခုမှကိုယ်စားလှယ်များရှေ့တွင် အဆိုပါလက်ထိပ်ခတ်ခြင်းကို ဖြတ်တောက်ခဲ့ကြပါတယ်။
Follower ၇၅၀၀ ကျော်ရှိတဲ့ ၎င်းတို့နှစ်ဦးရဲ့နောက်ဆုံး Instagram ဓာတ်ပုံဟာ ကြမ်းပြင်ကိုအတူတကွရပ်ကြည့်နေသည့်၎င်းတို့နှစ်ဦးရဲ့ဓာတ်ပုံဘဲ ဖြစ်ပါတယ်။ ထိုစွန့်စားမှုအပြီးမှာ ၎င်းတို့စုံတွဲဟာ လမ်းခွဲပြတ်စဲခဲ့ပါတယ်။
Zawgyi
အခ်စ္စမ္းဖို႔ အခ်င္းခ်င္းလက္ထိပ္ခတ္ထားခဲ့ၾကၿပီးေနာက္ ၁၂၃ ရက္အၾကာမွာဘဲ လမ္းခြဲလိုက္ၾကတဲ့ ခ်စ္သူစုံတြဲ
ယူကရိန္းအေရွ႕ပိုင္း၊ Kharkiv ၿမိဳ႕မွစုံတြဲတစ္တြဲျဖစ္တဲ့ Alexandr Kudlay ႏွင့္ Viktoria Pustovitova တို႔ဟာ ၿပီးခဲ့တဲ့ Valentine’s Day ေန႔တြင္ ၎တို႔ရဲ႕အျပန္အလွန္ relationship ကို ထိန္းသိမ္းႏိုင္ရန္အတြက္ ၎တို႔ရဲ႕လက္မ်ားကိုအတူလက္ထိပ္ခတ္ထားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ၎တို႔စုံတြဲဟာ ၎တို႔ႏွစ္ေယာက္ရဲ႕အေတြ႕အႀကဳံေတြကို လူမႈကြန္ရက္ေပၚမွာ ျပန္လည္မွ်ေဝေပးခဲ့ၾကပါတယ္။ ၎တို႔ဟာ ကုန္စုံဝယ္တာအစ ေဆးလိပ္ျဖတ္တာႏွင့္ေရခ်ိဳးတာတို႔အဆုံးအားလုံးကို အတူတကြလုပ္ေဆာင္ခဲ့ၾကပါတယ္။ သို႔ေသာ္ ဇြန္လ ၁၈ ရက္ေန႔တြင္ ရက္ေပါင္း ၁၂၃ ရက္အၿပီးမွာ ၎အစီအစဥ္ကိုဆက္မလုပ္ေတာ့ဘဲ လြတ္လပ္သြားေအာင္ ၎တို႔ရဲ႕လက္ထိပ္ခတ္ျခင္းကိုျဖတ္ဖို႔ အခ်င္းခ်င္း သေဘာတူဆုံးျဖတ္ခဲ့ၾကပါတယ္။
၎တို႔စုံတြဲက ၎ဟာ ႏွစ္ေယာက္စလုံးကိုစိတ္မသက္မသာျဖစ္ေစသလို ၎တို႔ကအတူရွိမေနသင့္တာကို သတိျပဳမိေစေၾကာင္း ေျပာၾကားခဲ့ပါတယ္။ လက္ထိတ္ခတ္တဲ့စိတ္ကူးကိုဆန႔္က်င္ခဲ့တဲ့ ခ်စ္သူေကာင္မေလး Pustovitova ဟာ ၎တို႔ႏွစ္ဦးရဲ႕လမ္းခြဲျခင္းအေၾကာင္းကို ေျပာျပရင္း “ အဲဒါက ငါ့အတြက္စိတ္ဝင္စားစရာအေတြ႕အႀကဳံတစ္ခုျဖစ္လိမ့္မယ္လို႔ ငါေတြးခဲ့တယ္၊ အဲဒါက ငါအရင္မႀကဳံခဲ့ဖူးတဲ့အေတြ႕အႀကဳံသစ္ေတြကိုဖန္တီးေပးလိမ့္မယ္လို႔လည္း ထင္ထားခဲ့တာ ” ဟုဆိုကာ မ်က္ရည္က်ေနခဲ့ပါတယ္။
Pustovitova က သူမခ်စ္သူႏွင့္လက္ထိပ္ခတ္ျခင္းျဖစ္စဥ္တြင္ သူမအလိုအပ္ဆုံးအရာမွာ private space ျဖစ္သည္ဟု ေျပာၾကားခဲ့ပါတယ္။ သူမတို႔ႏွစ္ဦးက လက္ထိပ္ခတ္ၿပီးတပူးတတြဲရွိေနခဲ့ေသာ္လည္း Kudlay က သူမကိုလုံေလာက္တဲ့အာ႐ုံစိုက္မႈမေပးခဲ့ဘူးလို႔ ခံစားရေၾကာင္း ဆိုခဲ့ပါတယ္။
လက္ထိပ္ကိုျဖတ္လိုက္တဲ့အခ်ိန္မွာ Pustovitova ဟာ သက္ျပင္းခ်ခဲ့ၿပီး Kudlay ကလည္း ၎တို႔ရဲ႕ relationship ကိုထိန္းသိမ္းရန္ ဤအပူတျပင္းလုပ္ေဆာင္မႈအတြက္ ေနာင္တမရခဲ့ေၾကာင္း၊ လက္ထိတ္ခတ္ျခင္းက ၎တို႔ႏွစ္ဦးအား အတူရွိမေနသင့္တာကို သေဘာေပါက္နားလည္ေစခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ထို႔ေနာက္ ၎တို႔စုံတြဲဟာ ပရဟိတအတြက္ေငြစုဖို႔ လက္ထိပ္ေတြကို onlineေပၚေလလံတင္ဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ထိုေနာက္ ၎တို႔ဟာ မီဒီယာမ်ားႏွင့္ ကမာၻေပၚရွိအျခားမည္သည့္စုံတြဲမဆို ၎တို႔ကဲ့သို႔က္ေပါင္းၾကာရွည္တဲ့ေအာင္ျမင္မႈမ်ိဳးမရွိခဲ့ေၾကာင္းေျပာၾကားခဲ့တဲ့ ယူကရိန္းစံခ်ိန္တင္အဖြဲ႕အစည္းတစ္ခုမွကိုယ္စားလွယ္မ်ားေရွ႕တြင္ အဆိုပါလက္ထိပ္ခတ္ျခင္းကို ျဖတ္ေတာက္ခဲ့ၾကပါတယ္။
Follower ၇၅၀၀ ေက်ာ္ရွိတဲ့ ၎တို႔ႏွစ္ဦးရဲ႕ေနာက္ဆုံး Instagram ဓာတ္ပုံဟာ ၾကမ္းျပင္ကိုအတူတကြရပ္ၾကည့္ေနသည့္၎တို႔ႏွစ္ဦးရဲ႕ဓာတ္ပုံဘဲ ျဖစ္ပါတယ္။ ထိုစြန႔္စားမႈအၿပီးမွာ ၎တို႔စုံတြဲဟာ လမ္းခြဲျပတ္စဲခဲ့ပါတယ္။
Leave a Reply