
အခက်အခဲမျိုးစုံကြုံရပေမဲ့လက်မလျှော့ဘဲ ကိုယ့်အနားအမြဲရှိပေခဲ့လို့ ဒုက္ခရောက်ခဲ့ရတဲ့ဇနီးကို အဆုံးထိပြုစုစောင့်ရှောက်ပေးနေတဲ့ ခင်ပွန်း
Mr နဲ့ Mrs Huang တို့စုံတွဲနှစ်ဦးဟာ အခက်အခဲများကို အတူတကွရင်ဆိုင်ဖြေရှင်းခဲ့ကြပါတယ် ။ လွန်ခဲ့တဲ့ သုံးနှစ်က Mrs Huang ဟာ အလုပ်ခွင်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် သူမရဲ့စက်တစ်လုံးနဲ့လှုပ်ရှားသွားလာနေရပါတယ် ။ Mrs Huang ဟာ မိသားစုအတွက် တစ်ဦးတည်းသောဝင်ငွေရရှိသူ ဖြစ်တာကြောင့် သူမက အလုပ်များနေပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပါတယ် ။
Mrs Huang ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သူမဟာ ဦးနှောက်တွင်းမှာ ရောဂါများစွာ ခံစားနေရကြောင်းသိရှိရပါတယ် ။ ထိုအချိန်ကစပြီး ခင်ပွန်းသည်က သူ့ဇနီးကို အနီးကပ်စောင့်ရှောက်နေခဲ့ရပါတယ် ။သူတို့မိသားစုဟာ ရှင်သန်ဖို့အတွက် အကြီးဆုံးသားရဲ့ လုပ်အားခလစာအပေါ်မှီခိုနေရပါတယ် ။ ခင်ပွန်းဖြစ်သူက သူမပျော်ရွှင်ဖို့အတွက် လာမယ့် 25 နှစ်မြောက် Anniversary ကို ကျင်းပချင်ခဲ့ပေမယ့် ငွေအလုံလောက်မရှိခဲ့တာကြောင့် ဝမ်းနည်းနေခဲ့ပါတယ် ။ သူတို့ရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်ကို ကြားပြီးနောက် Ai Ni Cosmetics ဆိုတဲ့လူက အခမ်းအနားကို အထူးပြုလုပ်ရန် ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
သူတို့ဟာ Mrs Huang ကိုသွားတွေ့ဖို့ အလှအပပညာရှင်အဖွဲ့တစ်ဖွဲ့ကို ခေါ်သွားပြီး သူမကိုလှပအောင်ပြုပြင်ပေးခဲ့ပါတယ် ။ ထို့အပြင် အလှကုန်ပစ္စည်းကုမ္ပဏီရဲ့ဥက္ကဠနဲ့ သက်ဆိုင်ရာပြည်နယ်များက လူတွေလည်း သူမရောဂါပျောက်ကင်းအောင် ကုသနိုင်ဖို့ ဒေါ်လာ ၅၉၄၀၀ လှူဒါန်းခဲ့ပါတယ် ။
Zawgyi
အခက္အခဲမ်ိဳးစုံႀကဳံရေပမဲ့လက္မေလွ်ာ့ဘဲ ကိုယ့္အနားအၿမဲရွိေပခဲ့လို႔ ဒုကၡေရာက္ခဲ့ရတဲ့ဇနီးကို အဆုံးထိျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ခင္ပြန္း
Mr နဲ႔ Mrs Huang တို႔စုံတြဲႏွစ္ဦးဟာ အခက္အခဲမ်ားကို အတူတကြရင္ဆိုင္ေျဖရွင္းခဲ့ၾကပါတယ္ ။ လြန္ခဲ့တဲ့ သုံးႏွစ္က Mrs Huang ဟာ အလုပ္ခြင္မွာ မေတာ္တဆမႈျဖစ္ပြားခဲ့တာေၾကာင့္ သူမရဲ႕စက္တစ္လုံးနဲ႔လႈပ္ရွားသြားလာေနရပါတယ္ ။ Mrs Huang ဟာ မိသားစုအတြက္ တစ္ဦးတည္းေသာဝင္ေငြရရွိသူ ျဖစ္တာေၾကာင့္ သူမက အလုပ္မ်ားေနၿပီး ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ျဖစ္ပါတယ္ ။
Mrs Huang ကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး သူမဟာ ဦးေႏွာက္တြင္းမွာ ေရာဂါမ်ားစြာ ခံစားေနရေၾကာင္းသိရွိရပါတယ္ ။ ထိုအခ်ိန္ကစၿပီး ခင္ပြန္းသည္က သူ႔ဇနီးကို အနီးကပ္ေစာင့္ေရွာက္ေနခဲ့ရပါတယ္ ။သူတို႔မိသားစုဟာ ရွင္သန္ဖို႔အတြက္ အႀကီးဆုံးသားရဲ႕ လုပ္အားခလစာအေပၚမွီခိုေနရပါတယ္ ။ ခင္ပြန္းျဖစ္သူက သူမေပ်ာ္႐ႊင္ဖို႔အတြက္ လာမယ့္ 25 ႏွစ္ေျမာက္ Anniversary ကို က်င္းပခ်င္ခဲ့ေပမယ့္ ေငြအလုံေလာက္မရွိခဲ့တာေၾကာင့္ ဝမ္းနည္းေနခဲ့ပါတယ္ ။ သူတို႔ရဲ႕ ဝမ္းနည္းဖြယ္အျဖစ္အပ်က္ကို ၾကားၿပီးေနာက္ Ai Ni Cosmetics ဆိုတဲ့လူက အခမ္းအနားကို အထူးျပဳလုပ္ရန္ ကူညီဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။
သူတို႔ဟာ Mrs Huang ကိုသြားေတြ႕ဖို႔ အလွအပပညာရွင္အဖြဲ႕တစ္ဖြဲ႕ကို ေခၚသြားၿပီး သူမကိုလွပေအာင္ျပဳျပင္ေပးခဲ့ပါတယ္ ။ ထို႔အျပင္ အလွကုန္ပစၥည္းကုမၸဏီရဲ႕ဥကၠဠနဲ႔ သက္ဆိုင္ရာျပည္နယ္မ်ားက လူေတြလည္း သူမေရာဂါေပ်ာက္ကင္းေအာင္ ကုသႏိုင္ဖို႔ ေဒၚလာ ၅၉၄၀၀ လႉဒါန္းခဲ့ပါတယ္ ။
Leave a Reply