
အကြောသေနေတဲ့ အမေ့ကို စောင့်ရှောက်ဖို့ သူ့ရဲ့ဘဝကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံခဲ့တဲ့ မသန်စွမ်းအမျိုးသား
တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ Chongqing ကျေးရွာမှာ နေထိုင်နေတဲ့ Chen Xinyin အမည်ရှိအမျိုးသားတစ်ဦးဟာ အခြားသူတွေရဲ့ အကူအညီမပါဘဲ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ Xinyin ဟာ ၇ နှစ်အရွယ်မှာ ဓာတ်လိုက်ခံရခြင်းကြောင့် သူ့ရဲ့ လက်နှစ်ဘက်စလုံး ဆုံးရှုံး ခဲ့ရပါတယ်။
အခုဆိုရင် သူက ၄၈နှစ် အရွယ်ရှိနေပါပြီ။ Xinyinက သူ့ကိုယ်သူဘယ်လို စောင့်ရှောက်ရမယ်၊ မိသားစုတွေကို ဘယ်လိုကျွေးမွေးရမယ် စတဲ့လုပ်ဆောင်မှုတွေကို သင်ယူခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ Xinyin ဟာအကြောသေဝေဒနာခံစားနေရတဲ့ ၉၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အမေအိုကိုလည်း သူစောင့်ရှောက်နေရပါတယ်။
Xinyinဟာ ဘယ်အလုပ်တွေကိုမဆို သူကိုယ်တိုင် လုပ်ကိုင်နိုင်ကြောင့် အခိုင်အမာပြောဆိုခဲ့ပါတယ်။သူက တခါတလေဆို သူ့ရဲ့အိမ်နီးနားချင်းတွေရဲ့အိမ်မှုဝေယျာဝစ္စတွေကိုလည်း ကူညီပေးသေးတယ်။ သူ့ရဲ့အိမ်နီးနားချင်းတွေ ပြောဆိုချက်အရ Xinyin ဟာ လက်နှစ်ဘက်ရှိတဲ့လူတွေထက် အလုပ်ကို ပိုမြန်အောင်လုပ်ကိုင်နိုင်တယ်။
သူက ကိုယ့်ကိုကိုယ်ဘဲ အားကိုးပြီး သူ့ကို မသန်စွမ်းတဲ့လူ၊ ဘာမှမလုပ်နိုင်တဲ့လူ ဆိုပြီး လုံးဝအနိမ်မခံတဲ့သူပါ။. Xinyinက ဝေယျာဝစ္စတွေနဲ့ သူအမေအဖေတွေရဲ့အလုပ်ကို အသက် ၁၄ နှစ်ကတည်းကစပြီး ကူညီခဲ့ပါတယ်။ သူ့ရဲ့အလုပ်က ဆိတ်တွေ၊ ကျွဲတွေကိုထိန်းကြောင်းစောင့်ရှောက်ရတဲ့အလုပ်ပါ။
Xinyin က သူရဲ့ခြေချောင်းတွေနဲ့ ဝေယျာဝစ္စတွေကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်တယ်။ သို့ပေမဲ့လည်း တစ်နှစ်ပတ်လုံး ဖိနပ်မစီးဘဲ လမ်းလျှောက်နေရပြီး ဆောင်းရာသီအချိန်တွေမှာ အပြင်ကိုလမ်းလျှောက်ထွက်ရင် ခြေအိတ်၊ ဖိနပ် တွေမပါဘဲ သွားလို့ခြေချောင်းလေးတွေအနာဖြစ် ခဲ့ရပါတယ်။
Xinyin ရဲ့ အသက် ၂၀၊ ၃၀ အရွယ် ဝန်းကျင်လောက်မှာ သူ့ရဲ့ အဖေ ကွယ်လွန်သွားခဲ့ပါတယ်။ ၉၁နှစ်အရွယ်ဖြစ်တဲ့သူ့ရဲ့အမေဟာ သူမရဲ့ ယောကျာ်းကွယ်လွန်ပြီးကတည်းက ကျန်မာရေးအခြေအနေဆိုးရွားလာပြီး တစ်လအကြာမှာဘဲ အကြောသေဝေဒနာကို ခံစားခဲ့ရပါတယ်။
ဒေသခံ တစ်ဦးက Xinyin ကို သူ့ခြေထောက်နဲ့ အလုပ်လုပ်စားနေမဲ့အစား တောင်းစားဖို့ အကြံပေးခဲ့ဖူးပါတယ်။ဒါပေမဲ့ Xinyin က စိတ်ဆိုးသွားခဲ့ပြီး”ကျွန်တော့်မှာ လက်မရှိပေမဲ့ ခြေထောက်ရှိသေးတယ်။ ကိုယ့်ကိုကိုယ် ကျွေးမွေးလုပ်ကိုင်နိုင်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီအပြင် သူ့ကိုမှီခိုနေရတဲ့ အမေအိုကို သူမရှိရင် ဘယ်သူမှ မစောင့်ရှောက်မှာကိုလည်း စိုးရိမ်နေတဲ့အတွက် သူ့အမေနားမှာဘဲအမြဲတမ်းကျွေးမွေးပြုစုစောင့်ရှောက် နေခဲ့ပါတယ်။
Leave a Reply