အကြောင်းပြချက်မပေးဘဲ ကွာရှင်းသွားတဲ့ ဇနီးဟောင်းရဲ့ မင်္ဂလာဆောင်ဝတ်စုံကို ရယ်စရာတစ်ခုအဖြင့် အသုံးပြုခဲ့တဲ့ အမျိုးသား
Kevin ဆိုသူက သူ့ဇနီးထွက်ခွာသွားတဲ့အခါမှာ သူ့ရဲ့လုပ်ရဲ့က သူမ မယုံနိုင်လောက်အောင် အံ့အားသင့်သွားပြီး အလွန်စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ Kevin Cotter က သူ့ဇနီးနဲ့ ၁၂နှစ်အကြာ အတူတူပေါင်းနေကြပြီးနောက် ပြီးခဲ့တဲ့နှစ်က အကြောင်းပြချက်မပေးဘဲ ကွားရှင်းခဲ့ကာ သူမရဲ့ မင်္ဂလာဆောင်ဝတ်စုံ က သူမရဲ့ဗီရိုထဲမှာ ကျန်ရှိနေခဲ့ပါတယ်။ “ခင်ဗျားတစ်ခုခုမေ့ သွားတယ်” ဆိုပြီး Kevin က သူမကို ပြောလိုက်တယ်။
” ဘာလဲ ” လို့ သူမပြန်ဖြေပါတယ်။
“ မင်းရဲ့မင်္ဂလာဆောင်ဝတ်စုံ။ ”
“အင်း ငါမယူတာ။ ”
“ ငါ့ကိုဘာလုပ်စေချင်တာလဲ”
သူမက“ မင်းလုပ်ချင်တာလုပ်” ဆိုပြီး ပြောလိုက်ပါတယ်။
Kevin က ထိုအချိန်မှာ သူမရဲ့ မင်္ဂလာဆောင်ဝတ်စုံကို အသုံးပြုရန် အတွက် အံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းများကို လုပ်ဆောင်ခဲ့ပါတယ်။ Kevin ရဲ့ အဆိုအရ မင်္ဂလာဆောင်ဝတ်စုံဟောင်း နဲ့ ခင်ဗျားတို့ လုပ်နိုင်တဲ့အရာ အများကြီးရှိပါတယ်။ သူက မင်္ဂလာဆောင်ဝတ်စုံကို ဘယ်လိုနည်းမျိုးစုံနဲ့အသုံးပြုနေတာလည်း ဆိုတာကို ပုံတွေနဲါ ဝေမျှပေးထားပါတယ် ။
Kevin ဟာ ရုပ်မြင်သံကြားပြပွဲတစ်ခုမှာ မင်္ဂလာဆောင်ဝတ်စုံနဲ့ ပေါ်ထွန်းခဲ့ပြီး၊ ဒေသခံရေဒီယိုအသံလွှင့်ဌာနများအတွက် ပြပွဲများစွာကိုလည်း အသုံးပြုလုပ်ဆောင်ခဲ့ပါတယ်။ Kevin Cotter ဟာ သူ့ရဲ့မင်္ဂလာဆောင်ဝတ်စုံအသုံးပြုမှု နဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှ ထောက်ခံမှု ရရှိခဲ့ပါတယ်။
Zawgyi
“အင်း ငါမယူတာ။ ”
Leave a Reply