အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပြီးမှ ကားတွေနဲ့ရှုပ်နေတဲ့လမ်းမကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ဖျံမိသားစု

အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပြီးမှ ကားတွေနဲ့ရှုပ်နေတဲ့လမ်းမကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ဖျံမိသားစု

Singapore နိုင်ငံ Plaza Singapura အနီးရှိ အလုပ်များနေတဲ့ Orchard ကားလမ်းမကြီးကိုဖြတ်ကူးရန်ကြိုးစားနေပြီး စိတ်ဂနာမငြိမ်ဖြစ်နေတဲ့ ဖျံမိသားစုတစ်စုရဲ့ဗီဒီယိုကို လူတယောက်က Facebook ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ၎င်းဖျံမိသားစုက ကားများတဲ့လမ်းမကြီးကို သတိကြီးစွာ ဖြတ်လျှောက်ရန်ကြိုးစားနေချိန်မှာ ကားသမားများက ချက်ချင်းအချိန်လျော့ပေးခဲ့ကြပေမဲ့လည်း ဖျံများကကြောက်ရွံ့ပြီး သူတို့အတွက် ပိုကောင်းတဲ့လမ်းဘေးလုံခြုံမှုဆီသို့ ပြန်ဆုတ်သွားခဲ့ကြပါတယ်။

သူတို့ဟာ ဒုတိယအကြိမ် ကားလမ်းဖြတ်ကူးမဲ့ကြိုးပမ်းမှုမှာလည်း လမ်းဘေးသို့ပြန်ဆုတ်သွားခဲ့ကြပါတယ်။ဒါပေမဲ့ ၎င်းဖျံမိသားစုက လမ်းကိုဖြတ်ကူးရန် ကြိုးစားအားထုတ်မှုနှင့်ရဲစွမ်းသတ္တိတွေ ရှိနေဆဲဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကာလအတွင်း ၎င်းဖျံမိသားစုက အခွင့်အရေးယူပြီး ၄ လမ်းသွားလမ်းတစ်လျှောက်ကို ဖြတ်ပြေးသွားကြပေမဲ့ အခြားဖက်ခြမ်းသို့ ရောက်ခါနီးအလိုမှာ တက္ကစီတစ်စီးက သူတို့နား မြန်မြန်ဆန်ဆန် ချဉ်းကပ်လာခဲ့ပါတယ်။

ကျေးဇူးတင်စရာက ၎င်းတက္ကစီဒရိုင်ဘာဟာ အချိန်မီ ဘရိတ်အုပ်နိုင်ခဲ့ပြီး ဖျံများကလည်း လမ်းဘေးသို့ ဘေးကင်းစွာ ရောက်ရှိသွားခဲ့ကြပါတယ်။နောက်ဆုံးမှာအနေနဲ့ အလုပ်များတဲ့လမ်းမကြီးက တိရိစ္ဆာန်များအတွက် အလွန်အမင်းအန္တရာယ်များနေကြောင်းကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။

ဒါဟာ ကားသမားများနှင့်မော်တော်ဆိုင်ကယ်သမားများအတွက် အမြဲတမ်း နိုးနိုးကြားကြားရှိပြီး ကိုယ်ဥဦးတည်လာတဲ့လမ်းကြောင်းပေါ်ကို သေချာစွာ အာရုံမှုရှိနေရမဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*