အကောင်းစားဟော်တယ်တွင် ချစ်သူကောင်မလေးအား မွေးနေ့ပွဲကို ခမ်းနားစွာကျင်းပပေးခဲ့သော်လည်း မွေးနေ့ကိတ် သေးနေလို့ဆိုပြီး ချစ်သူရဲ့ ဒေါသကိုသာ ရရှိခဲ့တဲ့ ကောင်လေး

အကောင်းစားဟော်တယ်တွင် ချစ်သူကောင်မလေးအား မွေးနေ့ပွဲကို ခမ်းနားစွာကျင်းပပေးခဲ့သော်လည်း မွေးနေ့ကိတ် သေးနေလို့ဆိုပြီး ချစ်သူရဲ့ ဒေါသကိုသာ ရရှိခဲ့တဲ့ ကောင်လေး

ချစ်သူကောင်လေးတိုင်းသည် မိမိတို့၏ ချစ်ရတဲ့ ချစ်သူကောင်မလေးကို မိမိတတ်နိုင်သော ငွေကြေးလေးဖြင့် ပျော်ရွင်အောင် ထားနိုင်ရန် ကြိုးပမ်းတတ်ကြပေသည်။ကောင်လေးတွေဟာ သူတို့၏ ရှိနေသော ငွေကြေးလေးဖြင့် အများနည်းတူ အမှတ်တရဖြစ်စေမည့် အစီအစဥ်လေးတွေကိုမွေးနေ့သို့မဟုတ် နှစ်ပတ်လည်နေ့လေးများတွင်ပြုလုပ်ပေးတတ်ပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကောင်လေးတစ်ဦးဟာ သူ၏အရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးအတွက် မွေးနေ့ပွဲလေးကို အကောင်းစားဟော်တယ်တွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး ပျော်ရွင်စေချင်ခဲ့ပါတယ်။သို့သော်လည်း ကောင်လေးဟာ ချစ်သူပျော်ရွင်မည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်ဖြစ်မလာခဲ့ပါဘူး။

အကြောင်းမှာ ကောင်မလေးဟာ မွေးနေ့ကိတ်ကိုမြင်ပြီးနောက် သူမစိတ်ကူးထားသည့်အတိုင်းမဟုတ်ဘဲ ကိတ်အသေးလေးသာဖြစ်နေခဲ့သောကြောင့် စိတ်ဆိုးဒေါသထွက်ကာ အိမ်ပြန်သွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*