
ဟိုတယ်ဘိုကင်ပေါင်း (၃,၀၀၀)ကျော် ပြန်ဖျက်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့ သားအမိ(၂)ယောက်
ဟိုတယ်တစ်ခုကို ဘိုကင်လုပ်ရတာ ခက်သလို ပြန်ဖျက်ဖို့ အတွက်ကကျတော့ ဘိုကင်လုပ်ထားတဲ့သူအဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် တစ်ဖက်က ဟိုတယ်ဝန်ထမ်းတွေခမျာ ဘယ်လောက်အလုပ်ရှုပ်လိုက်မလဲ စဉ်းစားသာကြည့်ပေတော့။ ဒါကို ဂျပန်နိုင်ငံက သားအမိနှစ်ယောက်ဟာ ဟိုတယ်ဘိုကင်တင်ပြီး ပြန်ဖျက်တာ စုစုပေါင်း အကြိမ်ရေ ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိ Hariko Kishida နဲ့ သူမရဲ့ သားဖြစ်သူ Haruhiro Haruhiro တို့ဟာ ဂျပန်နိုင်ငံထဲရှိ ဟိုတယ်တွေမှာ ဟိုတယ် ဘိုကင်တင်ပြီး ပြန်ပြန်ဖျက်ပစ်ခဲ့တာ အကြိမ်ရေ (၃၂၅၀) ရှိပြီဖြစ်ကြောင်း သိရပါတယ်။ အဖမ်းခံရတဲ့အချိန်မှာ Kyoto မြို့က ဟိုတယ် ၃ ခုမှာ လွန်ခဲ့တဲ့ နိုဝင်ဘာလတည်းကစပြီး ဘိုကင်တင်လိုက်၊ ဘိုကင်ဖျက်လိုက်နဲ့ လုပ်နေတဲ့အတွက်ကြောင့်ပါ။
ဒီလိုလုပ်ခဲ့တဲ့အတွက် ဟိုတယ်တွေ ဘက်ကနေပြီး ယန်း (၉၀၀၀၀) ကျော်နစ်နာခဲ့ရကြောင်း သိရပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့အချိန်မှာတော့ သူတို့သားအမိနှစ်ယောက်ဟာ ဂျပန်နိုင်ငံအနှံ့ရှိ ဟိုတယ်တွေကို ဘိုကင်တင်လိုက် ဖျက်လိုက်လုပ်ခဲ့တာ အကြိမ် (၃၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
“ ဒီက ဟိုတယ်တော်တော်များများက ဟိုတယ်တည်းဖို့ ဘိုကင်လုပ်ပြီးတာနဲ့ System တွေအရ ဟိုတယ် App ထဲကို Points တွေ ဖြည့်ပေးတယ်။ ရှင်းရှင်းပြောရရင် ဒီဟိုတယ်မှာတည်းလို့ အမှတ်တွေရတယ်ပေါ့ဗျာ။ သူတို့သားအမိက ဘိုကင်တင်လိုက်၊ အမှတ်တွေ ရသွားလိုက်၊ အမှတ်ရပြီဆိုတာနဲ့ Booking ကို ပြန်ဖျက်လိုက်နဲ့။
တော်တော်တော့ ဟန်ကျတာပဲ။ အကုန်စုစုပေါင်းတွက်ကြည့်လိုက်ရင် သူတို့ ဘိုကင်တင်လိုက် ဖျက်လိုက် လုပ်နေလို့ ဟိုတယ်ဘက်ကနေ ယန်းပေါင်း ၁၁၅သန်း (မြန်မာငွေ သန်း ၁၅၀၀ ကျော်) ဆုံရှုံးခဲ့ရတယ်” လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။
Leave a Reply