
သွေးသားရင်းခြာများထက်ပင် ပိုမိုခိုင်မြဲသော သံယောဇဥ်များနှင့် ချစ်ခင်နေကြသည့် ချစ်စဖွယ် ကြောင်လေးနှင့် ခွေးကလေးတို့၏ သံယောဇဥ်
လူသားတို့သည် တိရိစ္ဆာန်ပေါင်းများစွာ အိမ်မွေးတိရိစ္ဆာန်များအဖြစ်မွေးမြူကြပြီး တိရိစ္ဆာန်အချင်းချင်းမတည့်ကြသော မျိုးစိတ်များစွာလည်း ရှိပေသည်။
ထိုသို့မတည့်သော တိရိစ္ဆာန်များထဲတွင် ကြောင်နှင့်ခွေးလေးတို့လည်း ပါဝင်ပေသည်။ ကြောင်နှင့်ခွေးလေးတို့သည် မြင်တွေ့သည်နှင့် ရန်ဖြစ်ကြပြီး ခွေးများဟာ ကြောင်ကို လိုက်လံကိုက်ဆွဲတတ်ပါတယ်။
သို့သော် ယခုတွင်တော့ ကြောင်လေးနှင့် ခွေးကလေးတို့ဟာ အလွန်ချစ်ခင်နေကြပြီး ခွဲမရအောင်ပင် ဖြစ်နေခဲ့ကြသည်။
ခွေးကလေးဟာ ကျန်းမာရေးမကောင်းသောကြောင့် ဆေးရုံသို့ လာရောက်လွင့်ပစ်ထားသောကြောင့် ဆေးရုံတွင် အလုပ်လုပ်သော ကြောင်ပိုင်ရှင်ဟာ မွေးမြူးရန် အိမ်သို့ ခေါ်လာရာမှ ကြောင်လေးနှင့် ခွေးကလေးတို့ဟာ ရင်းနှီးလာခဲ့ခြင်းခြင်သည်။
ကြောင်ကလေးဟာ ခွေးကလေးနှင့် အမြဲတမ်းအတူရှိနေတတ်ပြီး ခွေးကလေး၏ ရင်ခွင်ထဲတွင် အိပ်နေရတာကို သဘောကျသူပင်ဖြစ်သည်။
Leave a Reply