သွေးတိုးရောဂါရှင်များ ထိန်းချုပ်သင့်သော အစာများ

သွေးတိုးရောဂါရှင်များ ထိန်းချုပ်သင့်သော အစာများ ဆားနှင့် ဆိုဒီယမ် သင်စားတဲ့ အစာထဲမှာ ဆား (NaCl) နဲ့ ဆိုဒီယမ် (Na) ကို လျှော့စားခြင်းဟာ သွေးတိုးကျ စေပါတယ်။ သင့်မှာ သွေးတိုးရောဂါရှိရင် တစ်နေ့လုံး သင်စားတဲ့အစာတွေထဲမှာ ဆား ၁.၅ ဂရမ်ထက် လျော့နည်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်က ငန်တဲ့အစာတွေ အထူးသဖြင့် ပါကင်ထုတ်ထားတဲ့ အဆင်သင့် အစားအစာတွေနဲ့ စည်သွပ်ဘူးတွေကိုရှောင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်မှာ ဟင်းချက်တဲ့အခါမှာလည်း ဆားလျှော့ထည့်ပါ။

အောက်ပါ အစားအစာတွေမှာ ဆား ဒါမှမဟုတ် ဆိုဒီယမ်ပါဝင်မှုများနိုင်တဲ့အတွ က် သတိထားပါ။


paste, ငါးခြောက်၊ ငါးသေတ္တာဘူးများ

ဟမ်ဘာဂါ၊ ဟောဒေါ့စတဲ့ အမြန်စာတွေမှာ အသုံးပြုတဲ့ ပြုပြင်ပြီးအသား

နို့ထွက်ပစ္စည်းများ

အာလူးကြော်၊ မြေပဲဆားလှော်၊ ခရက်ကာလိုမျိုး အငန်ကဲထားတဲ့ သရေစာများ

ဆား ဒါမှမဟုတ် ဆော်ဒါမှုန့်ပါတဲ့ ပေါင်မုန့်နဲ့ ဖုတ်ထားတဲ့ တခြားမုန့်များ

အချဉ်တည်ပြီး သနပ်လုပ်ထားတဲ့ အစာများ

ကွေကာအုပ် အသင့်စား အေးခဲထားတဲ့ အစာများ ဥပမာ ပီဇာ၊ အာလူးထောင်း၊ ချိစ်

ဆေးသကြားထည့်ထားတဲ့ ဆော်ဒါအချိုရည်၊ အားကစားသမားတွေသောက်တဲ့ အချိုရည် (Sport Drink)

အစားအစာ တာရှည်ခံထိန်းဆေးများ ဥပမာ အချိုမှုန့် (Monosodium Glutamate), Sodium Benzoate, Nitrite, Hydroxide, Sulfate, Propionate

ဆော့ (ဆားမြိန်ရည်များ)

အရက်

အရက်အလွန်အကျွံသောက်ခြင်းဟာ သွေးဖိအားကို မြင့်တက်စေပါတယ်။ ဒါကြောင့် အရက်သောက်သုံးမှုကို တစ်ရက်မှာ အမျိုးသမီးဆိုရင် 1 drinks နဲ့ အမျိုးသားဆိုရင် 2 drinks ထက် မပိုပါစေနဲ့။ (1 drinks ဆိုတာ ဘီယာဆိုရင် ၁၂ အောင်စနဲ့ ဝိုင်ဆိုရင် ၄ အောင်စကို ဆိုလိုတာပါ။)

ကဖင်း

ကဖင်းဓာတ်ကလည်း တချို့လူတွေမှာ သွေးဖိအား အနည်းငယ်မြင့်တက်စေနိုင်ပါတယ်။ ဒီအချက်ကိုတိတိကျကျသိ နိူင်ဖို့အတွက် ကဖင်းပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာသောက်ပြီး ၄၅ မိနစ်အကြာမှာ သွေးပေါင်ချိန်ကြည့်ပါ။

သွေးတွင်း ကိုလက်စထရောကို မြင့်တက်စေနိုင်သော အစာများ

သင့်သွေးထဲက စုစုပေါင်း ကိုလက်စထရောဟာ 200mg/dl ထက်များနေရင် ဒါမှမဟုတ် မကောင်းတဲ့ LCL ကိုလက်စထရောဟာ 100mg/dl ထက်များနေရင် သင်စားတဲ့အစာထဲမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှုကို ထိန်းချုပ်သင့်ပါတယ်။ ဒီအဆီတွေဟာ အသားတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥအနှစ်တွေထဲမှာ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောမြင့်တက်နေခြင်းဟာ သွေးကြောမာကျောခြင်းနဲ့ သွေးဖိအားများစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

သွေးဖိအားကျစေနိုင်သော အစာများ

ပိုတက်စီယမ်ပါဝင်မှုများတဲ့ အစာတွေကို မှန်မှန်စားခြင်းဟာ သွေးဖိအားကို ကျစေပါတယ်။ တစ်နေ့စားသင့်တဲ့ ပိုတက်စီယမ်ပမာဏက ၄ ဒသမ ၇ ဂရမ်ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှင်တွေ စားသင့်တဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစာတွေကို ဖော်ပြလိုက်ပါတယ်။

ဟင်းသီးဟင်းရွက်များ

White radish, Carrot, တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ အာလူးမီးဖုတ်၊ ဆလတ်ရွက်၊ သခွားမွေး၊ မုန်လာရွက်။

သစ်သီးများ

ငှက်ပျောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး။

အခွံမာသီးများ

မက်မွန်သီး၊ သစ်ကြားသီး (ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီပါ ပါဝင်ပါတယ်။)အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ ဆိုဒီယမ်ပါဝင်မှု မြင့်မားတတ်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေဟာ သွေးတိုးရောဂါရှင်တွေအတွက် ကောင်းမွန်တဲ့ ပိုတက်စီယမ်အရင်းအမြစ် မဟုတ်ပါဘူး။

Caution

ပိုတက်စီယမ်ဆာ (KCI) ကနေ ပိုတက်စီယမ်ကို မယူသင့်ပါဘူး။ အသက်အန္တရာယ်ရှိတဲ့ သွေးထဲမှာ ပိုတက်စီယမ်များလွန်းတဲ့ အခြေအနေ (Hyperkalemia) ဖြစ်စေနိုင်ပါတယ်။အထက်ဖော်ပြပါ အစားအစာတွေဟာ သွေးဖိအားမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ လိုအပ်ရင် ကိုယ်အလေးချိန်လျှော့ချခြင်းဟာ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အလုပ်နဲ့ မိသားစုဘဝမှာ ပျော်ရွှင်ပြီး ငြိမ်းချမ်းမှုရှိခြင်းဟာ သွေးဖိအားကျအောင် ကူညီနိုင်ပါတယ်။ စိတ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပါ။

*ပိုကောင်းတာကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပြီး ငြိမ်းချမ်းမှုကို ကိုယ်တိုင်ရှာနိုင်အောင် တရားထိုင်ပါ။*

Be the first to comment

Leave a Reply

Your email address will not be published.


*