သွားရည်ကျခြင်းက ကျန်းမာတဲ့လူတွေမှာသာ တွေ့ရတဲ့လက္ခဏာဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့

သွားရည်ကျခြင်းက ကျန်းမာတဲ့လူတွေမှာသာ တွေ့ရတဲ့လက္ခဏာဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့

အိပ်ပျော်နေရင်း သွားရည်ကျခြင်းက သင့်ရဲ့ကျန်းမာရေးကောင်းနေသေးကြောင်း ပြသနေတဲ့လက္ခဏာ တစ်မျိုးပါ။သို့ပေမဲ့ အရွယ်ရောက်သူအများစုဟာ အိပ်နေရင်းသွားရည်ကျခြင်းက သူတို့အတွက် ရှက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေကြပါတယ်။အိပ်ပျော်နေရင်းသွားရည်ကျခြင်းက ကောင်းမွန်စွာ အိပ်စက်ခြင်းရဲ့သက်သေသာဓကတစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် တစ်စုံတစ်ယောက်နှင့်အိပ်ရာ အတူတူ မျှဝေအိပ်ရတဲ့အခါ သွားရည်ကျခြင်းက တစ်ဖက်လူကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာ အမှန်ဘဲ ဆိုပေမဲ့ ၎င်းလက္ခဏာက သင့်အတွက် အကျိုးသက်ရောက်မှုများစွာ ရှိစေပါတယ်။အိပ်စက်ခြင်းက အလွန်အရေးကြီးပေမဲ့လည်း အိပ်ပျော်နေရင်းသွားရည်ကျခြင်းဟာ သင့်ခန္ဓာကိုယ်က အနားယူမှုအကောင်းဆုံးအချိန်ဖြစ်နေကြောင်းကို ဆိုလိုတာပါ။

လုံလောက်တဲ့အိပ်စက်ခြင်းက ကျန်းမာတဲ့ဘဝပုံစံရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အိပ်စက်ခြင်းက သင့်ရဲ့ အာရုံကြောစနစ် ပိတ်ဆို့မှုတွေကိုလည်း တားဆီးပေးသလို ကြွက်သားလှုပ်ရှားမှုတွေကို လျှော့ချပေးပါတယ်။အိပ်စက်ခြင်းက သင့်အား ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး သင့်ရဲ့ပြီးပြည့်စုံတဲ့အိပ်မက်တွေကို ပုံဖော်ပေးပါတယ်။

မနက်တိုင်း အိပ်ယာထပြီး သင့်ရဲ့အရေပြားပေါ် ဒါမှမဟုတ် သင့်ခေါင်းအုံးပေါ်မှာ ခြောက်သွေ့တဲ့သွားရည်တွေကို သတိပြုမိတဲ့အခါ မရှက်သွားပါနဲ့ ဒါက သင့်ရဲ့ခန္ဓာကိုယ်က သင်ဟာ ဘယ်လောက်ကျန်းမာတယ်ဆိုတာကိုပြသနေခြင်းဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ပါဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*