သွားပါပီကွာ! မိန်းမမသိအောင် ဥ ထားပါတယ်ဆိုမှဘဲ ဒီခွေးနဲ့တော့ ခက်တော့တာဘဲ

သွားပါပီကွာ! မိန်းမမသိအောင် ဥ ထားပါတယ်ဆိုမှဘဲ ဒီခွေးနဲ့တော့ ခက်တော့တာဘဲ

ခွေးနှင့် လူတွေဆိုတာတကယ်ကို မိတ်ရင်းဆွေရင်းတွေပါဘဲ။ ဒါပေမယ့်လည်း တရုတ်ပြည်က ယောက်ကျားတစ်ယောက်ကတော့ သူအရမ်းချစ်ရတဲ့ သူ့ရဲ့ ခွေးလေးက သစ္စာဖောက်သွားတယ်ဆိုပြီး အဲ့ဒီမိတ်ဆွေတွေဆိုတဲ့ အချက်ကို မေ့တောင်မေ့ပစ်လိုက်ပြီလို့ဆိုပါတယ်။

၄င်းအမျိုးသားဟာ သူ့ရဲ့ Fb အကောင့်မှာ အခုလိုတင်ထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမဖြစ်သူဟာ တအိမ်လုံးမှာရှိတဲ့ ပိုက်ဆံတွေအကုန်လုံးကို ကိုင်ထားတာကြောင့် သူကလည်း မိန်းမမသိအောင် ခိုးပြီးဖွက်ထားတဲ့ ပိုက်ဆံတွေကို ခွေးက တူးပြီးတော့ မိန်းမကိုပြလိုက်တဲ့ အတွက်ကြောင့် သူနဲ့ သူ့မိန်းမတို့ ပြည်တွင်းစစ်အကြီး အကျယ်ဆင်နွှဲခဲ့ရပါတယ်ဆိုပြီး တင်ထားခဲ့ပါတယ်။

သူမိန်းမ အဲ့ဒီငွေတွေကိုတွေ့တဲ့အချိန်တုန်းက သူဟာ အပြင်ရောက်နေတာဖြစ်ပြီး မိန်းမဖြစ်သူ က ဓာတ်ပုံရိုက်ပြီး ပို့လိုက်မှသာ ပြဿနာတက်ပြီဖြစ်ကြောင်း စတင်သတိထားမိခဲ့ပါတော့တယ်။ပြီးတော့မှ ခွေးက တူးပြီး ပြလိုက်တယ်ဆိုတဲ့ အကြောင်းကို တဆင့်ပြန်သိခဲ့ရတာဖြစ်ပါတယ်။

“ပုံကိုမြင်မြင်လိုက်ချင်း တစ်ခဏတော့ ကျွန်တော် စွံ့အ သွားမိပါတယ်။ ခွေးကဘယ်လိုသိပြီးတော့ သွားတူးလိုက်သလည်းဆိုတာကို မစဉ်းစားတက်တော့ပါဘူး။အဲ့တာနဲ့ဘဲ အိမ်ကို အပြေးပြန်လာခဲ့လိုက်ပါတယ်။အိမ်ရောက်လို့ တံခါးဖွင့်ဖွင့်ချင်းမှာဘဲ ပြန့်ကျဲနေတဲ့ ပိုက်ဆံ အပြဲတွေကော အကောင်းတွေကိုကောတွေ့ခဲ့ရတာပါဘဲ “ ဆိုပြီး တင်ထားခဲ့ပါတယ်။

သူကတော့ မိန်းမနဲ့ တကယ်ကို ဘီလူးဆိုင်းတီးရတော့မှာဘဲဖြစ်ပြီး သူ့ရဲ့ ခွေးကိုတော့ အတော် စိတ်နာသွားမှာအမှန်ပါဘဲ။နောက်ဆုံးအနေနဲ့ သူတင်ခဲ့တဲ့စာကတော့ အခြား အမျိုးသားတွေအတွက် အကြံပေးစာဖြစ်ပြီးတော့ အဲ့ဒီစာရဲ့ အပြည့်အစုံကတော့ ” ခင်ဗျားတို့ အိမ်သူသက်ထားမသိအောင် ပိုက်ဆံတွေ ဥထားမယ်ဆိုရင်တော့ မိန်းမအပြင် ခွေးပါ မတွေ့နိုင်အောင် ဖွက်ထားကြပေတော့ဗျို့ “ ဆိုပြီး ဘဲဖြစ်ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*