
သွားနာ၊ သွားကိုက်ခြင်းများနဲ့ပတ်သက်ပြီး သဘာဝဆေးနည်း များကို မကြာခဏ တောင်းဆိုလာကြသူများအတွက် မျှဝေပေးလိုက်ပါတယ်။
(၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့်ကြိတ်ပြီး ဆား အနည်းငယ်နှင့်အတူ သွားတိုက်ပေးသော် သွားကိုက်၊ သွားနာ စတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမိုခိုင်မာလာစပြီး ဖြူစင်စေပါသည်။
(၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဉ္စငါးပါးကို ပြာချ၍ ၎င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်းတို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်း များကို သက်သာပျောက်ကင်းစေပါသည်။
(၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ခွက် ၁ခွက်ကျို၍ ၎င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြု လုပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါသည်။
(၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို သက်သာပျောက်ကင်းစေပါ သည်။
(၅) တမာ၏ အရိုးတံကို သွားကြားထိုးတံအဖြစ် အသုံးပြု၍ မကြာခဏ သွားတိုက်ပေးခြင်းဖြင့် သွားရောဂါ များ ကင်းဝေးစေပါသည်။
(၆) နနွင်းမှုန့်ကို ရေနွေးဖြင့် ဖျော်၍ ငုံပေးခြင်း၊ ဆားများများထည့်၍ သွားရင်းတွင် သိပ်ပေးခြင်းတို့ဖြင့် သွားဖုံးရောင်ခြင်း၊ သွားနာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။
(၇) ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးလေးများလုံးကာ ပိုးစားသည့် သွား အပေါ်ကို ထည့်ပေးသော် သွားပိုးစားခြင်း ပျောက်ကင်းပါသည်။
(၈) ပင်စိမ်းနှင့်ထန်းလျက်ကို ဆတူရောကြိတ်၍ ပျားရည်နှင့်လုံးထားကာ မနက်တစ်လုံး ညတစ်လုံး စားပေးပါက သွားဖုံးရောင်၊ သွားကိုက်ခြင်းများ ပျောက်ကင်းစေပါသည်။
(၉) ဝါစေ့ကို ပြုတ်၍ ငုံပေးသော် သွားနာ သွားကိုက်များ သက်သာပျောက်ကင်းပါသည်။
(၁၀) ချင်းစိမ်းကို ဝါး၍ ကိုက်နေသော သွားပေါ်တွင် အုပ်ထား ငုံထားပါက သွားကိုက် သွားနာများ ပျောက်ကင်းစေပါသည်။
(၁၁) နီပါးဆေးပင်ခေါ် တောရဲယို၏ အသီးကို မီးဖုတ်၍ ဆားအနည်းငယ် ထည့်ကြိတ်ကာ သွားတိုက်ဆေး အဖြစ် အသုံးပြုပေးပါက သွားရောဂါများ ပျောက်ကင်းစေပါသည်။
(၁၂) ပဒိုင်းညိုအစေ့ကို ကြိတ်၍ သွားဖုံးရင်းကို အနည်းငယ်ခန့် သိပ်ပေးထားလျှင် သွားကိုက်၊ သွားနာရော ဂါများ ပျောက်ကင်းပါသည်။
(၁၃) ဘုမ္မသိန်အစေးကို ကိုက်နေသော သွားကြားတွင် ထည့်ပေးသော် သွားကိုက်ရောဂါ ပျောက်စေပါ သည်။
သွားကိုက်၊ သွားနာရောဂါများကို ခံစားနေရသော ဝေဒနာရှင်များအားလုံး သက်သာပျောက် ကင်းနိုင်ကြပါစေ။
Leave a Reply